စစ်ကိုင်းကမ္ဘောဇဘဏ် ဓားပြတိုက်ခံရပြီး ဓားပြ ၁ ဦးကို အသေဖမ်းဆီးနိုင်ဟု စစ်ကောင်စီထုတ်ပြန်

စစ်ကိုင်းကမ္ဘောဇဘဏ် ဓားပြတိုက်ခံရပြီး ဓားပြ ၁ ဦးကို အသေဖမ်းဆီးနိုင်ဟု စစ်ကောင်စီထုတ်ပြန်

စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့၊ ပန်းဘဲတန်းရပ်ကွက်ရှိ ကမ္ဘောဇဘဏ်(၁) ဓားပြတိုက်ခံရပြီး ဓားပြလာ တိုက်သူ ၁ ဦးပစ်ခတ်ခံရပြီး သေဆုံးသွားတယ်လို့ စစ်ကောင်စီက ထုတ်ပြန်ပါတယ်။  

ဇွန် ၁၉ ရက် ညနေ ၃ နာရီခန့်မှာ ဆိုင်ကယ်နဲ့လာသူ အမျိုးသား ၄ ဦးက သေနတ်ပြပြီး ဓားပြတိုက်နေချိန် စစ်ကောင်စီအဖွဲ့ဝင်တွေရောက်လာပြီး ပစ်ခတ်မှုဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။

"ဓားပြတိုက်တဲ့သူတွေက ငွေတွေယူပြီးထွက်ကာနီးမှာ စကစအဖွဲ့တွေရောက်လာပြီး ပစ်ခတ်မှုဖြစ်တာ။ ဓားပြအဖွဲ့ထဲကတော့ တယောက်ကျကျန်ခဲ့တယ်။ ကျန်သူတွေကတော့ ထွက်ပြေးသွားတယ်။" လို့ ဒေသခံတဦးကပြောပါတယ်။

ဓားပြအဖွဲ့တွေ ထွက်ပြေးသွားတာကြောင့် ဘဏ်ကနေ ယူဆောင်သွားဖို့ စီစဥ်ထားတဲ့ကျပ်သိန်း ၃,၀၀၀ ကျော် မယူနိုင်တော့ဘဲ ကျန်ခဲ့ရတယ်လို့ စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် ဓားပြအဖွဲ့ဝင်တဦးသေဆုံးပြီး ဓားပြတွေအသုံးပြုတဲ့ဆိုင်ကယ်နဲ့ လက်နက်အချို့ကိုလည်း စစ်ကောင်စီဘက်က သိမ်းဆည်းသွားတယ်လို့ သိရပါတယ်။

ထွက်ပြေးသွားတဲ့ဓားပြအဖွဲ့တွေကို စစ်ကောင်စီဘက်က မြို့တွင်းနဲ့ မြို့ထွက်လမ်းတွေပေါ်မှာ ပိတ်ဆို့စစ်ဆေးရှာဖွေတာတွေလုပ်ခဲ့သေးတယ်လို့ သိရပါတယ်။

မတ် ၅ ရက်ကလည်း စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ သလ္လာရပ်ကွက် ၊ စိတ္တသုခလမ်းနဲ့ ငွေသော်တာလမ်းဆုံနေရာမှာ ပရီမီယာကော်ဖီကုမ္ပဏီကား ဓားပြတိုက်ခံရပြီး ငွေကျပ်သိန်း ၅၇၀ ကျော်ပါသွားတယ်လို့ သိရပါတယ်။

ပုံစာ - သေဆုံးဓါးပြနှင့် လက်နက်အချို့။ (ဓါတ်ပုံ - စစ်ကောင်စီတယ်လီဂရမ်)

စာတည်း - လင်းဇေ

#မြေလတ်အသံ

#စစ်ကိုင်းတိုင်း #စစ်ကိုင်းမြို့ #ပန်းဘဲတန်း #ကမ္ဘောဇဘဏ် #ဓားပြတိုက်

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10