စစ်ကိုင်းက ချေမှုန်းအောင်မြင်ခဲ့တဲ့ စစ်ကောင်စီစခန်းစာရင်းကို NUG ဆက်တိုက်ထုတ်ပြန်

စစ်ကိုင်းက ချေမှုန်းအောင်မြင်ခဲ့တဲ့ စစ်ကောင်စီစခန်းစာရင်းကို NUG ဆက်တိုက်ထုတ်ပြန်

စစ်ကိုင်းတိုင်းအတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ ချေမှုန်းသိမ်းပိုက်ခြင်းခံရတဲ့ စစ်ကောင်စီတပ် စခန်းတွေစာရင်းကို နိုဝင်ဘာ ၂၈ ရက်မှာ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက ဆက်တိုက် ကြေညာခဲ့ပါတယ်။ 

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက နိုဝင်ဘာတတိယပတ်အတွင်း စစ်အာဏာရှင်မင်းအောင်လှိုင်ရဲ့ စစ်ကောင်စီတပ်စခန်းတွေကို စခန်းသိမ်းစစ်ဆင်ရေးတွေ ဆင်နွှဲခဲ့ပြီး သိမ်းပိုက်ချေမှုန်းနိုင်ခဲ့တဲ့ စာရင်းကို ထုတ်ပြန်ကြေညာခဲ့တာ ဖြစ်ပါတယ်။ 

အဲ့ဒီထုတ်ပြန်ကြေညာချက်ထဲမှာ နိုဝင်ဘာ ၂၁ ရက်မှ ၂၂ အထိ တိုက်ခိုက်သိမ်းပိုက်အောင်မြင်ခဲ့တဲ့ စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်၊ ရွှေပြည်အေးမြို့သိမ်းတိုက်ပွဲအောင်မြင်မှုနဲ့အတူ စစ်ကောင်စီတပ်သား ၈ ဦး ဖမ်းဆီးနိုင်ခဲ့တာနဲ့ လက်နက်ခဲယမ်းတွေ သိမ်းဆည်းနိုင်ခဲ့တာကို ထုတ်ပြန်ခဲ့ပါတယ်။ 

ပုံစာ - ရွှေပြည်အေးမြို့သိမ်းတိုက်ပွဲမှ ဖမ်းဆီးရမိသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် သိမ်းဆည်းရမိသည့် လက်နက်ခဲယမ်းများ။
ပုံစာ - ရွှေပြည်အေးမြို့သိမ်းတိုက်ပွဲမှ ဖမ်းဆီးရမိသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် သိမ်းဆည်းရမိသည့် လက်နက်ခဲယမ်းများ။
ပုံစာ - ရွှေပြည်အေးမြို့သိမ်းတိုက်ပွဲမှ သိမ်းဆည်းရမိသည့် လက်နက်ခဲယမ်းများ။
ပုံစာ - ရွှေပြည်အေးမြို့သိမ်းတိုက်ပွဲမှ သိမ်းဆည်းရမိသည့် လက်နက်ခဲယမ်းများ။

ကနီမြို့နယ်အတွင်းက စစ်ကောင်စီတပ်အင်အား ၃၀ ခန့်နဲ့ တပ်စွဲထားတဲ့ မုံရွာ-ယာကြီး-ကလေးဝလမ်း အနီးက တာဝါတိုင်စခန်းကိုလည်း နိုဝင်ဘာ ၂၂ ရက်နဲ့ ၂၃ ရက်အတွင်းမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက သိမ်းပိုက်အောင်မြင်ခဲ့ပါတယ်။ 

အဲ့ဒီစခန်းသိမ်းတိုက်ပွဲမှာ စစ်ကောင်စီတပ်သား ၁ ဦးသေဆုံးပြီး ၁၁ ဦး ဒဏ်ရာရရှိခဲ့ပြီး သေနတ် ၁ လက်၊ ကျည်မျိုးစုံ ၂,၅၀၀ ကျော်၊ ဗုံးသီး ၁၀၇ လုံး၊ Equipment  ၁ ခု၊ ကျည်အိမ် ၂ ခု၊ မိုင်း ၁၆ လုံး၊ အီနာဂါ ၄ လုံးနဲ့ စစ်သုံးပစ္စည်းတွေ သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီတိုက်ပွဲမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှလည်း ၃ ဦး သေဆုံးခဲ့ရတယ်လို့ အမျိုးသားညီညွတ်ရေး အစိုးရရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။  

ပုံစာ - တာဝါတိုင်စခန်းသိမ်းတိုက်ပွဲမှ သိမ်းဆည်းရမိသည့် လက်နက်ခဲယမ်းများ။
ပုံစာ - တာဝါတိုင်စခန်းသိမ်းတိုက်ပွဲမှ သိမ်းဆည်းရမိသည့် လက်နက်ခဲယမ်းများ။

ဒါ့အပြင် စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်ရှိ စစ်ကောင်စီရဲ့ ရန်ကြီးအောင်စခန်းကိုလည်း နိုဝင်ဘာ ၂၁ ရက်မှ ၂၃ ရက်အထိ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ ဝင် ၁၆ ဦး သေဆုံးကာ ၁၇ ဦး အရှင်ဖမ်းဆီရမိခဲ့ပါတယ်။ 

ရန်ကြီးအောင်စခန်းသိမ်းတိုက်ပွဲမှ RPG ၁ လက်၊ ၈၁ မမ စိန်ပြောင်း ၁ လက်၊ MA 3 ၅ လက်၊ MA 1 ၁၀ လက်၊ MA 4 ၂ လက် ၊ MA 5 (ပစ္စတို) ၂ လက်၊ BA 63( G 3) ၉ လက်၊ ၊ ၅.၅၆ ကျည် ၉၅၄၇ တောင့်၊ ၇.၆၂ ကျည် ၃၅၄၆ တောင့် ၊ RPG ဗုံးသီး ၁၄ လုံး၊ ကျည်ဘောက် ၇၅ ခု၊ ၈၁ မမ ဗုံးသီး ၆ လုံးနဲ့ မိုင်းခဲယမ်း ဆက်စပ်ပစ္စည်းအများအပြား သိမ်းဆည်းရရှိခဲ့တယ်လို့ ဆိုပါတယ်။

ပုံစာ -ရန်ကြီးအောင်စခန်းမှ ဖမ်းဆီးရမိသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ။
ပုံစာ -ရန်ကြီးအောင်စခန်းမှ ဖမ်းဆီးရမိသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ။
ပုံစာ -ရန်ကြီးအောင်စခန်းမှ သိမ်းဆည်းရမိသည့် လက်နက်ခဲယမ်းများ။
ပုံစာ -ရန်ကြီးအောင်စခန်းမှ သိမ်းဆည်းရမိသည့် လက်နက်ခဲယမ်းများ။

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်အတွင်းရှိ ရွှေပန်းကုံးကျေးရွာရဲစခန်းကိုလည်း နိုဝင်ဘာ ၂၁ ရက်မှာ စတင်တိုက်ခဲ့တာဖြစ်ပြီး နိုဝင်ဘာ ၂၈ ရက်မှာ စခန်းကိုသိမ်းပိုက်နိုင်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရက ကြေညာခဲ့ပါတယ်။

ရွှေပန်းကုံးစခန်းတိုက်ပွဲမှာ စစ်ကောင်စီဟာ ရွှေဘိုမြို့ကနေ စစ်ကူလွှတ်ပြီး စခန်းကို ကာကွယ်နိုင်အောင် ကြိုးစားခဲ့ပေမယ့် စစ်ကူလာတဲ့စစ်ကြောင်းဟာ လမ်းတဝက်မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ ကြားညှပ်ပိတ်ဆို့ တိုက်ခိုက်မှုတွေကို အကြိမ်ကြိမ်ခံရပြီး ရွှေပန်းကုံးစခန်းကို စစ်ကူမပေးနိုင်ဘဲ ဖြစ်ခဲ့ပါတယ်။ 

အဲ့ဒီစခန်းသိမ်းတိုက်ပွဲမှာ စစ်ကောင်စီဘက်က ၃ ဦးသေဆုံးပြီး စခန်းမှူး နေအောင်ကျော်နဲ့ ဒုရဲအုပ်အဆင့် ၂ ဦးအပါအဝင် ၁၆ ဦး ဖမ်းဆီးရမိခဲ့ပါတယ်။ 

ပုံစာ - ရွှေပန်းကုံးကျေးရွာရဲစခန်းမှ ဖမ်းဆီးရမိသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် သိမ်းဆည်းရမိသည့် လက်နက်ခဲယမ်းများ။
ပုံစာ - ရွှေပန်းကုံးကျေးရွာရဲစခန်းမှ ဖမ်းဆီးရမိသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် သိမ်းဆည်းရမိသည့် လက်နက်ခဲယမ်းများ။

ဒါ့အပြင် အဲဒီစခန်းက BA 94 ၃ လက်၊ MA 13 ၃ လက်၊ BA 63 ၁၆ လက် (၃ လက် ပျက်စီး)၊ BA 64 ၁ လက်၊ 79 ဗုံးပစ်လောင်ချာ ၁ လက်၊ ၁၂ ဗို့ ပြောင်းချော ၂ လက်၊ ၃၈ ဗို့ ပြောင်းချော ၁ လက်၊ ၃၈ ဗို့ ၆ လုံးပြူး ၄ လက်၊ ၇.၆၂ မမ ကျည် ၅,၅၈၇ တောင့်၊ ၉ မမ ကျည် ၇၀၀ တောင့်နဲ့ အခြားကျည်မျိုးစုံ ၁၀၀ ကျော်၊ လက်ပစ်ဗုံး ၁၂ လုံး၊ ရှေ့ထွက်မိုင်း ၆ လုံး၊ စိန်ရောင်ခြည်လက်ပစ်ဗုံး ၂၀ လုံး၊ ကျည်ဘောက် ၃၈ ခု၊ Jammer စက်အပါအဝင် ရဲတပ်ဖွဲ့သုံးဆက်စပ်ပစ္စည်းအများအပြား သိမ်းဆည်းရရှိခဲ့ပါတယ်။

စစ်ကိုင်းအတိုင်းအတွင်းမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေအနေနဲ့ ကောလင်းမြို့၊ ခမ်းပတ်မြို့နဲ့ ရွှေပြည်အေးမြို့တွေကို သိမ်းပိုက်ထားနိုင်ခဲ့ပြီး လက်ရှိမှာလည်း မြို့သိမ်းနိုင်ဖို့ ဆက်လက်တိုက်ခိုက်နေတဲ့ မြို့သိမ်းတိုက်ပွဲတွေလည်း ကျန်ရှိနေဆဲဖြစ်ပါတယ်။ 

#မြေလတ်အသံ

#စစ်ကိုင်း #မြို့သိမ်းတိုက်ပွဲ #စခန်းသိမ်း #စစ်ကောင်စီ #ရွှေပြည်အေးမြို့ #ကောလင်း #ခမ်းပတ် #တာဝါတိုင် #NUG #MOD #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10