စစ်ကိုင်းက သံချပ်ကာတပ်ရင်းဂိတ် ဗုံးပစ်ခံရလို့ ၂ ဦး ထိခိုက်ဒဏ်ရာရ

စစ်ကိုင်းက သံချပ်ကာတပ်ရင်းဂိတ် ဗုံးပစ်ခံရလို့ ၂ ဦး ထိခိုက်ဒဏ်ရာရ

စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်၊ အုန်းတောကျေးရွာ၊ ရွှေဘို-မန္တလေး လမ်းပိုင်းရှိ အမှတ် ၆၀၀၅ သံချပ်ကာတပ်ရင်းဂိတ် ဗုံးပစ်ခံရပြီး ၂ ဦးထိခိုက်ဒဏ်ရာရသွားတယ်လို့ အညာသားလေး SGG အဖွဲ့ဆီက သိရပါတယ်။

 

ဇူလိုင် ၆ ရက် နေ့လယ် ၁ နာရီခွဲခန့်မှာ အင်အား ၅ ဦးကနေ ၈ ဦးကြား အမြဲတမ်းရှိနေတတ်တဲ့ တပ်ရင်းဂိတ်ကို ဆိုင်ကယ်နဲ့သွားပြီး ဗုံးပစ်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

 

"စကစ တပ်သားတွေ ဂိတ်မှာ ရှိနေချိန် ပစ်ခတ်ခဲ့တာ။ ဗုံးက ဂိတ်ထဲကျ ပေါက်ကွဲတာရှိတာ။ ကျနော်တို့လည်း ပစ်ပြီးပြန်အဆုတ် သူတို့ဘက်က ၄၀ မမ တွေနဲ့ရော လက်နက်ငယ်တွေနဲ့ရော လိုက်ပစ်တာရှိတယ်။"လို့ အညာသားလေး SGG အဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။

 

ဗုံးပစ်ခံရလို့ စစ်ကောင်စီတပ်သား ၂ ဦး ထိခိုက်ဒဏ်ရာရခဲ့ပြီး စစ်ကောင်စီဘက်က ပြန်ပစ်ပေမယ့် PDF ပူးပေါင်းအဖွဲ့တွေဘက်က ထိခိုက်တာမရှိဘူးလို့ဆိုပါတယ်။

 

အဲဒီတိုက်ခိုက်မှုကိုတော့ အညာသားလေး SGG၊ စစ်ကိုင်းမြို့နယ် ပကဖ၊ Fight For Federal/Phonix(sgg)တို့က ပူးပေါင်းတိုက်ခိုက်ခဲ့တာပါ။

 

ဇွန်လ ၂၅ ရက်က စစ်ကိုင်းမြို့နယ်၊ အုန်းတော အမှတ် ၆၀၀၅ တပ်ကနေ ထွက်လာတဲ့ လှည့်ကင်းကား အုန်းတောကျေးရွာနဲ့ ကံတလူတိုးဂိတ်ကြားမှာ မိုင်းဆွဲတိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးသူတွေရှိခဲ့သေးတယ်လို့ သိရပါတယ်။

 

စာတည်း - ဇို

 

#မြေလတ်အသံ

#စစ်ကိုင်း #အမှတ်၆၀၀၅သံချပ်ကာတပ်ရင်း #ဗုံးပစ်  #တိုက်ခိုက် #SGG

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10