စစ်ကိုင်းတိုင်းက မြို့တွေမှာ စစ်ကောင်စီတပ်ဖွဲ့တွေ ညဘက် နေရာပြောင်ရွှေ့ပြောင်းအိပ်တာတွေ ပြုလုပ်လာ

စစ်ကိုင်းတိုင်းက မြို့တွေမှာ စစ်ကောင်စီတပ်ဖွဲ့တွေ ညဘက် နေရာပြောင်ရွှေ့ပြောင်းအိပ်တာတွေ ပြုလုပ်လာ

စစ်ကိုင်းတိုင်းအတွင်း မြို့သိမ်းတိုက်ပွဲတွေ ဆက်တိုက်ဖြစ်လာပြီးတဲ့နောက်ပိုင်း ခင်ဦးမြို့နဲ့ ရေဦးမြို့ပေါ်က စစ်ကောင်စီတပ်တွေဟာ ညဘက်တွေမှာ နေရာတွေပြောင်းရွှေ့အိပ်နေကြတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဆီကနေ သိရပါတယ်။

ခင်ဦးမြို့မှာ စစ်ကောင်စီ အရင်တပ်ဆွဲထားတဲ့ ရဲစခန်း၊ ထွေအုပ်ရုံး၊ ဆေးရုံ၊ မြို့လည်ခေါင်တိုက်တွေမှာ ညဘက်ဆို စစ်ကောင်စီတပ်သားတွေ မအိပ်ကြဘူးလို့ KhinOo Support Organization (KSO) အဖွဲ့ ခေါင်းဆောင် ဗိုလ်လင်းယုန်က ပြောပါတယ်။

ရေဦးမြို့မှာလည်း စစ်ကောင်စီတပ်တွေဟာ အရင် ရေဦးမြို့က ဘော်ဒါဆောင်ဖွင့်ထားတဲ့ အထပ်မြင့်တိုက်ရဲ့ အမြင့်ဆုံးအထပ်မှာ တက်ပြီး အိပ်ကြတာတွေရှိတယ်လို့ဆိုပါတယ်။

"တခြား Non-CDMဝန်ထမ်းတွေကတော့ မပြောင်းကြဘူး။ စစ်ကောင်စီတပ်တွေလောက်ပဲ ရွှေ့အိပ်ကြတာ"လို့ ဗိုလ်လင်းရောင်က ပြောပါတယ်။

ကောလင်းမြို့ကို နိုဝင်ဘာ ၆ ရက်က ပြည်သူ့ကာကွယ်ရေးတပ်တွေက သိမ်းယူလိုက်ပြီးတဲ့နောက် စစ်ကိုင်းတိုင်းထဲက မြို့တွေမှာ စစ်ကောင်စီတပ်တွေ အခုလို နေရာပြောင်းရွှေ့တာတွေ လုပ်နေတာလို့ သိရပါတယ်။

စစ်ကောင်စီတပ်စိုးမိုးထားတဲ့ စစ်ကိုင်းမြို့ပေါ်မှာလည်း စစ်ကောင်စီ လက်အောက်ခံ ဝန်ထမ်းမိသားစုဝင်တွေဟာ ဝန်ထမ်းလိုင်းခန်းကနေ နေရာရွှေ့ပြောင်းတာတွေလုပ်နေကြတယ်လို့  ဝန်ထမ်းအသိုင်းဝိုင်းက နေသိရပါတယ်။

နိုဝင်ဘာ ၉ ရက် ဒီနေ့မှာလည်း စစ်ကိုင်းတိုင်းမှာ မြို့သိမ်းတိုက်ပွဲတွေဖြစ်နေပြီး ဗန်းမောက်နဲ့ ထီးချိုင့်မြို့တွေမှာလည်း တိုက်ပွဲ ပြင်းထန်နေတယ်လို့သိရပါတယ်။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#စစ်ကိုင်းတိုင်း #မြို့သိမ်းတိုက်ပွဲ #ခင်ဦးမြို့ #ရေဦးမြို့ #စစ်ကောင်စီ #ဗန်းမောက် #ထီးချိုင့် #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10