စစ်ကိုင်းတံတားအောက် ရေဆင်းကူးတဲ့ညီအစ်မ ရေနစ်၊ တဦးအသက်ဘေးကလွတ်မြောက်

စစ်ကိုင်းတံတားအောက် ရေဆင်းကူးတဲ့ညီအစ်မ ရေနစ်၊ တဦးအသက်ဘေးကလွတ်မြောက်

စစ်ကိုင်းမြို့၊ စစ်ကိုင်းတံတားအောက် တာဝါတိုင်ရေဆိပ် ဧရာဝတီမြစ်အတွင်း ရေဆင်းကူးတဲ့ ညီအစ်မ ၂ ဦး ရေနစ်လို့ အစ်မဖြစ်သူ သေဆုံးသွားကာ တဦး အသက်ဘေးကလွတ်မြောက်ခဲ့တယ်လို့ ဒေသလူမှုကူညီရေးအသင်းတွေဆီက သိရပါတယ်။

အောက်တိုဘာ ၂၆ရက် ဒီကနေ့ မနက် ၉ နာရီခန့်မှာ မြရတနာရပ်ကွက်နေ ပလုံကောက်သူ မမြတ်နိုးသူ အသက် ၁၃ နှစ်နဲ့ အသက် ၁၂ နှစ်အရွယ် ညီမဖြစ်သူတို့ ရေဆင်းကူးရာက ၂ ဦးစလုံး ရေနစ်သွားခဲ့တာလို့ ဆိုပါတယ်။

"သူတို့က ပလုံကောက်တဲ့အလုပ်ကြတယ်။ ရေဆင်းကူးတာ ရေနက်တဲ့အပိုင်းထိရောက်သွားတော့ ၂ ယောက်စလုံးနစ်နေတာ။ ဘေးနားကလူတွေကတွေ့လို့ အော်ဟစ်အကူအညီတောင်းလို့ ဝိုင်းဆယ်ကြတာ"လို့ ဒေသလူမှုကူညီရေးအသင်းဝင်တဦးက ပြောပါတယ်။

ရေနစ်နေတဲ့ ညီအမနှစ်ဦးကို ဒေသခံတွေနဲ့လူမှုကူညီရေးအသင်းတွေက ဝိုင်းဝန်းကယ်ဆယ်ကြပေမယ့် ညီမဖြစ်သူကိုသာ အသက်ရှင်လျက် ကယ်ဆယ်နိုင်ခဲ့ပြီး အစ်မဖြစ်သူ မမြတ်နိုးသူ ကိုတော့ သေဆုံးလျက်သာ ပြန်ဆယ်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

ရေနစ်သေဆုံးသွားတဲ့ အလောင်းကို လူမှုကူညီရေးအသင်းတွေက စစ်ကိုင်းဆေးရုံကို ပို့ပေးခဲ့ရပြီး လိုအပ်တာစစ်ဆေးပြီးနောက် နေအိမ်ကို ပြန်သယ်လာပြီလို့ သိရပါတယ်။

ဧပြီလ ၂၉ ရက် နေ့လည်ပိုင်းကလည်း စစ်ကိုင်းတံတားအောက် တကောင်းဆိပ်ကနေ အမျိုးသား ၅ ဦးက မြစ်အတွင်း ရေဆင်းကူးချိန် ၁ ဦးရေနစ်ပျောက်ဆုံးရာမှ သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။

စာတည်း - ရင်ငြိမ်း

#မြေလတ်အသံ

#စစ်ကိုင်း #ရေဆိပ် #ရေနစ်သေဆုံး #ရေနစ်သတင်း #ဧရာဝတီမြစ် #ရေနစ်

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10