သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ ထန်းတောဆိပ်ကျေးရွာအုပ်စု၊ သပြေသာကျေးရွာမှာ ဇွန် ၈ ရက် ဒီမနက် ၁၁ နာရီခန့်က တော်လှန်ရေးအဖွဲ့တွေ အစည်းအဝေးလုပ်နေချိန် ဗုံးကြဲခံရပြီး သေဆုံးဒဏ်ရာရသူတွေ များခဲ့တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။
သပြေသာကျေးရွာဘုန်းကြီးကျောင်းမှာ မြို့နယ်နဲ့ရပ်ကျေးအဆင့် ပကဖ၊ ပအဖနဲ့ PDF အဖွဲ့ဝင်တွေ၊ ရပ်ရွာဒေသခံအချို့ အစည်းအဝေးလုပ်နေချိန်မှာ တံတားဦးလေဆိပ်ကတက်လာတဲ့ စစ်ကောင်စီတိုက်လေယာဥ်က ဗုံးကြဲခဲ့တာလို့ ဆိုပါတယ်။
"အစည်းအဝေးစပြီး နာရီဝက်ကျော်မှာပဲ လေယာဥ်နဲ့ ကင်းလာထောက်ပြီး ဗုံး ၉ လုံးကြဲ ချသွားတာ။ အစည်းအဝေးထဲမှာ တော်လှန်ရေးအဖွဲ့ဝင်တွေနဲ့ ဒေသခံ ၅၀ ကျော်လောက်ရှိနေတာ။ ဗုံးတွေက ဘုန်းကြီးကျောင်းဝန်း နေရာအနှံ့မှာ ပေါက်ကွဲတာ"လို့ ဒေသခံတဦးကပြောပါတယ်။
ကနဦးသိရှိချက်အရ သေဆုံးသူ ၅ ဦးရှိနေပြီး ထိခိုက်ဒဏ်ရာရသူ ၂၀ ကျော်ရှိကာ ဒီအရေအတွက်ထက် ပိုများနိုင်ပြီး နောက်ဆက်တွဲအခြေအနေတွေကိုတော့ မြေလတ်အသံက ဆက်လက်စုံစမ်းနေပါတယ်။
ဗုံးကြဲခံရလို့ ဘုန်းကြီးကျောင်းဝန်းအတွင်းရှိ အဆောက်အအုံတွေလည်းပျက်စီးခဲ့ပြီး နေ့လယ် ၁ နာရီကျော်မှာ စစ်ကောင်စီဘက်က လေယာဥ်နဲ့ထပ်မံကင်းထောက်လာတာတွေရှိနေတယ်လို့ ဆိုပါတယ်။
လက်တလော သေဆုံးဒဏ်ရာရသူတွေကို ဒေသခံတွေနဲ့ တော်လှန်ရေးအဖွဲ့တွေဘက်က ကူညီကယ်ဆယ်ကာ နီးစပ်ရာဆေးတပ်ဖွဲ့တွေဆီ ပို့ဆောင်ပေးထားတယ်လို့ ဒေသခံတဦးကပြောပါတယ်။
ဇွန် ၃ ရက်ကလည်း စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်၊ မတောကျေးရွာမှာ မြို့နယ်ပကဖအဖွဲ့ဝင် အမျိုးသမီး မင်္ဂလာဆောင်လုပ်နေချိန် လေကြောင်းကနေ ဗုံးကြဲခံရပြီး ကလေးငယ် ၈ ဦးအပါအဝင် ၃၀ ဦးသေဆုံးပြီး ၄၇ ဦးကျော်ဒဏ်ရာရခဲ့ပါသေးတယ်။
စာတည်း - လင်း
#မြေလတ်အသံ
#စစ်ကိုင်း #သပြေသာကျေးရွာ #စစ်ကောင်စီ #လေကြောင်းသုံးဗုံးကြဲ #အစုလိုက်အပြုံလိုက် #သေဆုံး
Share Share Share