စစ်ကိုင်းနယ်စပ်အနီးက မဘိမ်းမြို့သိမ်းတိုက်ပွဲ (ရုပ်/သံ)

စစ်ကိုင်းတိုင်းနယ်စပ်အနီး ရှမ်းပြည်နယ်မြောက်ပိုင်းမှာရှိတဲ့ မဘိမ်းမြို့ကို ကာကွယ်ရေးတပ်ဖွဲ့တွေ သိမ်းပိုက်ထားနိုင်ပြီး လက်နက်တွေလည်း သိမ်းဆည်းထားနိုင်တယ်လို့ ABSDF စစ်ကြောင်း ၂ ပြန်ကြားရေးတာဝန်ခံ ရဲဘော်အာကာ က ပြောပါတယ်။

ဇန်နဝါရီ ၁၉ ရက်ညနေပိုင်းကတည်းက မဘိမ်းမြို့သိမ်းတိုက်ပွဲ စတင်ခဲ့တာဖြစ်ပြီး ဇန်နဝါရီ ၂၁ ရက် မနက်မှာ မြို့ကိုအပြီးသတ်သိမ်းနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

မဘိမ်းမြို့ဟာ ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်းတို့နဲ့ နယ်နမိတ်ထိစပ်နေတဲ့ မြို့တခုဖြစ်ပြီး နယ်စပ်ဒေသမြို့ဖြစ်တဲ့အတွက် စစ်ရေးအရအရေးပါသလို စစ်ကိုင်းတိုင်း၊ ကသာခရိုင်နဲ့ ၁၉၄ မိုင်ခန့်သာ ကွာဝေးပါတယ်။

စစ်ကောင်စီဘက်က သေဆုံးမှုတွေများတဲ့အပြင် ဖမ်းမိတဲ့ သုံ့ပန်းတွေလည်းရှိပြီး၊ ကာကွယ်ရေးတပ်ဖွဲ့တွေဘက်ကလည်း ရဲဘော်တချို့လည်း ထိခိုက်သေဆုံးထားပါတယ်။

မဘိမ်းမြို့သိမ်း တိုက်ပွဲကို KIA၊ KPDF၊ ABSDF၊ AA၊ PDF၊ ပကဖနဲ့ နယ်မြေခံအဖွဲ့အစည်းတွေ စုပေါင်းကာ တိုက်ခိုက်သိမ်းပိုက်ခဲ့တာပါ။ 

အဲ့ဒီပူးပေါင်းတပ်ဖွဲ့တွေဟာ မိုးမိတ်မြို့မှာလည်း ဇန်နဝါရီ ၁၈ ရက်ကတည်းက မြို့သိမ်းတိုက်ပွဲ ဆင်နွှဲနေကြတာဖြစ်ပြီး စစ်ကောင်စီဘက်က လေကြောင်းသုံးတိုက်ခိုက်မှုတွေကြောင့် အရပ်သား ပြည်သူသေဆုံးမှုတွေလည်း ရှိနေပါတယ်။ 

တည်းဖြတ် - ဇို

#မြေလတ်အသံ

#သတင်း #ရုပ်သံ #စစ်ကိုင်း #ရှမ်းမြောက် #မဘိမ်း #မြို့သိမ်းတိုက်ပွဲ #KIA #KPKF #AA #PDF #ပကဖ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10