သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းက တော်လှန်ရေးတပ်စိုးမိုးနယ်မြေတွေမှာ စစ်ရေးသတင်းတွေပေါက်ကြားလို့ အင်တာနက်အသုံးပြုခွင့် ၁ လ ယာယီပိတ်ထားတယ်လို့ ဒေသခံတွေနဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေဆီက သိရပါတယ်။
စက်တင်ဘာ ၃၀ ရက် ရက်စွဲနဲ့ စစ်ကိုင်းနဲ့မကွေးတိုင်းတွေမှာ Starlink အင်တာနက်အသုံးပြုခွင့်ကိုယာယီပိတ်ဖို့ စစ်ဒေသ (၁)၊ ခရိုင်ပကဖ၊ မြို့နယ်ပကဖတွေကနေ စာထုတ်လာတာလို့ ဂန့်ဂေါမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်တွေဆီက သိရပါတယ်။
"ဒီမတိုင်ခင် အလုပ်လုပ်တာလေးတွေရှိတယ်။ ဒါပေမယ့် အဲ့ဒီသတင်းတွေပေါက်တယ်။ အဲ့ဒါကြောင့် Public မှာအခကြေးငွေနဲ့ပေးသုံးတဲ့နေရာတွေကို ပိတ်လိုက်တာပါ။ ရုံးပိုင်းဆိုင်ရာတွေကတော့အသုံးပြုလို့ ရပါတယ်"လို့ ဂန့်ဂေါမြို့နယ်ပကဖအဖွဲ့ဝင်တဦးက ပြောပါတယ်။
လက်ရှိအချိန်မှာတော့ ဂန့်ဂေါမြို့နယ်အတွင်းမှာ စစ်ရေးကတော့ ငြိမ်သက်နေပြီး မြို့ပေါ်မှာပဲစစ်တပ်ကဦးစီးကာ သန်းခေါင်စာရင်းစစ်ဆေးတာတွေ လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။
အလားတူ လက်ရှိတိုက်ပွဲတွေဖြစ်နေတဲ့ကောလင်းမြို့နယ်မှာလည်း အင်တာနက်အသုံးပြုခွင့်ရပ်နားထားတယ်လို့ တော်လှန်ရေးတပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။
ကောလင်းမြို့နယ်ဒေသခံတဦးကလည်း"စစ်ဒေသ ၁ က (စာ)ထုတ်တာဆိုတော့ စစ်ကိုင်း၊မကွေးတိုင်းက နေရာတွေပါမယ်။ အဓိကကတော့ စစ်ရေးလှုပ်ရှားမှုတွေကြောင့်ပါ"လို့ ပြောပါတယ်။
စပ်တင်ဘာ ၂၉ ရက်ကစတင်ပြီး ကောလင်းမြို့မှာ တိုက်ပွဲပြန်စနေတယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေဆီက သိရပါတယ်။
ဒါ့အပြင် ကန့်ဘလူ၊ ပင်လည်ဘူးနဲ့ ဝန်းသိုမြို့တို့အနီးမှာလည်း စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုတွေ လုပ်နေတယ်လို့သိရပါတယ်။
စာတည်း - လင်း
#မြေလတ်အသံ
#စစ်ကိုင်း #မကွေး #Starlink #ယာယီပိတ်သိမ်း
Share Share Share