သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့ပြည်သူ့ဆေးရုံနဲ့ ကားကြီးဝန်းမှာ မိုင်းပေါက်ကွဲမှုဖြစ်ပြီး ကလေး ၁ ဦးအပါအဝင် ၂ ဦးဒဏ်ရာရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဖေဖော်ဝါရီ ၁၅ ရက် ညနေ ၃ နာရီခန့်မှာ စစ်ကိုင်းတံတားအဆင်း ကားကြီးဝန်းဝင်ပေါက်အနီးမှာ မိုင်းပေါက်ကွဲခဲ့ပြီး ၅ မိနစ်ခန့်အကြာ စစ်ကိုင်းပြည်သူ့ဆေးရုံဝန်းရှိ ဓာတ်မှန်ခန်းနဲ့ဓာတ်ခွဲခန်းကြားမှာ မိုင်းပေါက်ကွဲခဲ့တာလို့ ဒေသခံတဦးကပြောပါတယ်။
ဒါ့အပြင် ပေါက်ကွဲအားကြောင့် ဓာတ်မှန်ခန်းနဲ့ဓာတ်ခွဲခန်းရှိ ပြတင်ပေါက်မှန်တွေအားလုံးနီးပါး ပျက်စီးသွားပြီး မှန်အစတွေလွင့်စင်ခဲ့တယ်လို့ ဆိုပါတယ်။
" ၁ လုံးပြီး ၁ လုံးကွဲတာ။ ကားဝန်းဘက်အရင်ဖြစ်ပြီးမှ ဆေးရုံဘက်ဖြစ်တာ။ ကားဝန်းဘက်က အမှုန်စင်တာလောက်ပဲ။ ဓာတ်မှန်ဘက်မှာက မှန်စစင်တယ်။ မှန်ကွဲစ စင်ပြီးတော့ ဓာတ်မှန်က ၁ ယောက်၊ ဓာတ်ခွဲခန်းဘက်က ကလေး ၁ ယောက် (ထိတယ်)။ မှန်တွေက အကုန်ကွဲသွားတာကို။"လို့ ဒေသခံတဦးက ပြောပါတယ်။
ဆေးရုံဝန်းအတွင်းပေါက်ကွဲမှုမှာတော့ ဓာတ်ခွဲခန်းဝန်ထမ်းရဲ့ သားဖြစ်သူ အသက် ၃ နှစ်ကျော်အရွယ် ကလေး ၁ ဦးနဲ့ ဓာတ်မှန်ခန်းမှာတော့ ဓာတ်မှန်ရိုက်ဖို့စောင့်နေတဲ့ ဆေးရုံတက်လူနာ အသက် ၃၀ ကျော်အရွယ် အမျိုးသား ၁ ဦး နောက်ကျော မှန်စထိမှန်ဒဏ်ရာရခဲ့တာပါ။
ဒီမိုင်းပေါက်ကွဲမှုနဲ့ပတ်သက်ပြီး ဘယ်သူတွေလုပ်ဆောင်တယ်ဆိုတာကိုတော့ ထုတ်ပြန်ကြေညာထားတာ မတွေ့ရသေးပါဘူး။
ပြီးခဲ့တဲ့နှစ် အောက်တိုဘာ ၅ ရက်ကလည်း စစ်ကိုင်းမြို့၊ ပိုးတန်းရပ်ကွက်ရှိ ရှင်ပင်ငန်းစွယ် ဘုရားရှေ့ ခြင်္သေ့ရုပ်အနီး၊ မြို့မစျေးမီးပွိုင့်အနီးနဲ့ ကမ္ဘာ့ရတနာဘဏ်ရှေ့တို့မှာ တရက်တည်း မိုင်းပေါက်ကွဲမှု ၃ ကြိမ်ဖြစ်ပြီး အဆောက်အဦတချို့ပျက်စီးခဲ့ပါသေးတယ်။
ပုံစာ - စစ်ကိုင်းပြည်သူ့ဆေးရုံးအတွင်း ပျက်စီးမှုများ။
စာတည်း - လင်း
#မြေလတ်အသံ
#စစ်ကိုင်း #ပြည်သူ့ဆေရုံ #ကားကြီးဝင်း #မိုင်းကွဲ
Share Share Share