စစ်ကိုင်းမြို့မှာ မိုင်းထိလို့ အမျိုးသား ၁ ဦးဒဏ်ရာရ

စစ်ကိုင်းမြို့မှာ မိုင်းထိလို့ အမျိုးသား ၁ ဦးဒဏ်ရာရ

စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့၊ ပိုးတန်းရပ်ကွက်၊ စျေးတောင်ဘက်ခြမ်းမှာ အမျိုးသား ၁ ဦး မိုင်းစထိလို့ ထိခိုက်ဒဏ်ရာရသွားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

ဇွန်လ ၁၉ ရက် နေ့လယ် ၂ နာရီခွဲခန့်မှာ  စျေးတောင်ဘက်ခြမ်းနေ အသက် ၅၀ ကျော်အမျိုးသား ၁ ဦးဟာ နေအိမ်ကို စက်ဘီးနဲ့ပြန်လာချိန် ရွှေ မိုဘိုင်းဖုန်းဆိုင်အနားအရောက်မှာ မိုင်းထိခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

"သူက စက်ဘီးနဲ့ပြန်လာချိန် အိတ်အမဲတလုံးလမ်းပေါ်မှာတွေ့လို့ စက်ဘီးရှေ့ဘီးနဲ့ လမ်းဘေးကို ဖယ်လိုက်တဲ့အချိန် ပေါက်ကွဲမှုဖြစ်ပြီး သူ့ကို အစတွေ စင်ကုန်တာ"လို့ ဒေသခံတဦးကပြောပါတယ်။

မိုင်းပေါက်ကွဲမှုဖြစ်လို့ အဲ့ဒီ အမျိုးသားမှာ ခြေထောက်နှစ်ဖက်နဲ့ပေါင်တွေမှာ မိုင်းအစမှန်(မစိုးရိမ်ရ) ဒဏ်ရာတွေရရှိခဲ့တယ်လို့ ဆိုပါတယ်။

မိုင်းထိလူနာကိုတော့ ဒေသခံ လူမှုကူညီရေးအသင်းတွေက စစ်ကိုင်းဆေးရုံကို ပို့ဆောင်ပေးခဲ့ရပြီး စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေကတော့ ပေါက်ကွဲမှုဖြစ်ပွားတဲ့နေရာကို လာရောက်စစ်ဆေးပြီး ပြန်သွားတယ်လို့ သိရပါတယ်။

ဇွန်လ ၆ ရက် နေ့လယ်ပိုင်းကလည်း စစ်ကိုင်းမြို့၊ ပိုးတန်းရပ်ကွက်၊ အထက ၁ စာသင်ကျောင်းနားမှာ မိုင်းပေါက် ကွဲမှုဖြစ်ခဲ့ပေမယ့် လူထိခိုက်တာမရှိခဲ့ဘူးလို့ သိရပါတယ်။

 

သတင်း-ကျော်ကြီး၊ စာတည်း-လင်းဇေ

#မြေလတ်အသံ

#စစ်ကိုင်းတိုင်း #ပိုးတန်းရပ်ကွက် #မိုင်းထိ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10