စစ်ကိုင်းမြို့ ဂုံးကျော်တံတားပေါ်မှာ အမျိုးသား ၁ ဦး သေနတ်နဲ့ပစ်ခံရလို့ သေဆုံး

စစ်ကိုင်းမြို့ ဂုံးကျော်တံတားပေါ်မှာ အမျိုးသား ၁ ဦး သေနတ်နဲ့ပစ်ခံရလို့ သေဆုံး

စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့၊ ပန်းပဲတန်းရပ်ကွက်ရှိ သီရိမင်္ဂလာဂုံးကျော်တံတားပေါ်မှာ အမျိုးသား ၁ ဦး သေနတ်နဲ့ပစ်ခံရလို့ သေဆုံးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ 

အောက်တိုဘာလ ၄ ရက် မနက် ၁၀ နာရီကျော်မှာ စစ်ကိုင်းမြို့သစ်ရပ်ကွက်နေ ကိုဟိန်းထက် ၂၆ နှစ်ဟာ ဆိုင်ကယ်မောင်းနှင်လာချိန် သေနတ်သမားတွေက အနီးကပ်ပစ်ခတ်သွားတယ်လို့ ဆိုပါတယ်။

"သူက နေအိမ်ကနေ ကွမ်းဝယ်ဖို့ဆိုပြီး ဆိုင်ကယ်နဲ့ထွက်သွားတာ။ မြင်လိုက်တဲ့သူတွေက ကားပေါ်ကနေ သေနတ်နဲ့ပစ်သွားတယ်လို့တော့ ပြောကြတယ်။" လို့ ဒေသခံတဦးက ပြောပါတယ်။

သေနတ်နဲ့ပစ်ခံရလို့ ကိုဟိန်းထက်ဟာ မေရိုးအောက် ကျည်ဖောက်ဝင်ဒဏ်ရာရပြီး စစ်ကိုင်းပြည်သူ့ဆေးရုံကို ပို့ဆောင်ချိန် ဆေးရုံအရောက်မှာ သေဆုံးသွားတယ်လို့ ဆိုပါတယ်။ 

ကိုဟိန်းထက်ဟာ ဆိုင်ကယ်အရောင်းအဝယ်လုပ်တဲ့ ပွဲစားတဦးလို့သာ သူနဲ့နီးစပ်သူတွေက သိထားရပြီး နောက်ကွယ်မှာ ဘယ်လိုအကြောင်းအရာတွေလုပ်ကိုင်လို့ ယခုလိုပစ်ခတ်ခံရတယ်ဆိုတာ မသိရဘူးလို့ ဆိုပါတယ်။ 

အဆိုပါ ပစ်ခတ်မှုနဲ့ပတ်သက်ပြီး ဘယ်သူတွေက ပြုလုပ်ခဲ့တယ်ဆိုတာ မသိရသေးပါဘူး။

ပြီးခဲ့တဲ့ ဩဂုတ်လ ၁ ရက် ညနေကလည်း စစ်ကိုင်းမြို့၊  ဧမြဝတီရပ်ကွက်၊ "စု" ကလေးအထူးကုဆေးခန်းအနီး လမ်းမပေါ်  ဆိုင်ကယ်ဝယ်ရောင်းလုပ်ကိုင်ပြီး စစ်ကောင်စီအဖွဲ့တွေနဲ့ နီးစပ်တယ်ဆိုတဲ့ အမျိုးသား ၁ ဦး သေနတ်နဲ့ပစ်ခံရပြီး ဒဏ်ရာပြင်းထန်ရသွားတယ်လို့ သိရပါတယ်။

စာတည်း - နွေဦးငြိမ်းချမ်း

#မြေလတ်အသံ

#သတင်း #စစ်ကိုင်း #ပတ်ခတ်မှု #သေဆုံး #အမည်မသိ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10