စစ်ကိုင်းမြို့ လူမှုဖူလုံရေးရုံးရှေ့ ပေါက်ကွဲမှုဖြစ်ပြီး အမျိုးသမီး ၂ ဦးထိခိုက်

စစ်ကိုင်းမြို့ လူမှုဖူလုံရေးရုံးရှေ့ ပေါက်ကွဲမှုဖြစ်ပြီး အမျိုးသမီး ၂ ဦးထိခိုက်

စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့၊ မြဝတီရပ်ကွက်၊ ဈေးကုန်းရပ်မှာရှိတဲ့ လူမှုဖူလုံရေးရုံးရှေ့မှာ ပေါက်ကွဲမှုဖြစ်ပြီး လမ်းသွားလမ်းလာ အမျိုးသမီး ၂ ဦး ထိခိုက်ဒဏ်ရာရသွားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

စက်တင်ဘာ ၂၇ ရက် ညနေ ၅ နာရီခန့်မှာ ပေါက်ကွဲမှုဖြစ်ပွားခဲ့တာဖြစ်ပြီး အသက် ၄၀ နှစ်အရွယ် ဒေါ်နွယ်နီလှနဲ့ အသက် ၅၁ နှစ်အရွယ် ဒေါ်ရီမိုးဆိုသူ ၂ ဦး ထိခိုက်ဒဏ်ရာရသွားတယ်လို့ ဆိုပါတယ်။

"လာပစ်သွားတာလား၊ ချသွားတာလားတော့ မသိရဘူး။ ပေါက်ကွဲမှုဖြစ်တော့ စျေးသည် အမျိုးသမီး ၂ ယောက် ထိသွားတယ်။ ဒဏ်ရာတွေကတော့ မများဘူး" လို့ ဒေသခံတဦးက ပြောပါတယ်။

ပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရသွားသူ ၂ ဦးကိုတော့ ဒေသခံတွေက စစ်ကိုင်းဆေးရုံကို ပို့ပေးထားရတယ်လို့ ဆိုပါတယ်။

အဲ့ဒီမိုင်းကိုတော့ ဘယ်အဖွဲ့က ဘာကြောင့်လာရောက်လုပ်ဆောင်သွားတယ်ဆိုတာ ထုတ်ပြန်ထားတာ မရှိသေးပါဘူး။

ဇူလိုင် ၂၈ ရက် ညနေ ၄ နာရီခွဲခန့်မှာ စစ်ကိုင်းမြို့နယ် လူမှုဖူလုံရေးရုံးဝန်းထမ်းတွေ ရုံးဆင်းချိန် ရုံးအရှေ့မှာ ရပ်ထားတဲ့ ဆိုင်ကယ်နားကနေ ပေါက်ကွဲမှုဖြစ်ခဲ့ပြီး ဒုဦးစီးမှူး ရာထူးရှိသူ အသက် ၃၀ ကျော်အရွယ် အမျိုးသမီး ၂ ဦးဒဏ်ရာရသွားတယ်လို့ သိရပါတယ်။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#စစ်ကိုင်းတိုင်း #စစ်ကိုင်းမြို့ #မြဝတီရပ်ကွက် #လူမှုဖူလုံရေးရုံး #ဗုံးပေါက်ကွဲ #သတင်း 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10