စစ်ကိုင်းမှာ စစ်ကောင်စီတပ်က အသက်မပြည့်သူ ၂ ဦးအပါ ဒေသခံ ၄ ဦးကိုသတ်ကာ မြစ်ထဲစွန့်ပစ်ခဲ့

စစ်ကိုင်းမှာ စစ်ကောင်စီတပ်က အသက်မပြည့်သူ ၂ ဦးအပါ ဒေသခံ ၄ ဦးကိုသတ်ကာ မြစ်ထဲစွန့်ပစ်ခဲ့

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ မောင်းထောင်ကျေးရွာက ဒေသခံအမျိုးသား ၆ ဦးကို စစ်ကောင်စီတပ်သားတွေက မတ်လ ၃၀ ရက်နေ့လည်ပိုင်းအချိန်မှာ ဖမ်းဆီးပြီး အဲဒီထဲက ၄ ဦးကို သတ်ကာ မူးမြစ်ထဲ စွန့်ပစ်ထားခဲ့တယ်လို့ သိရပါတယ်။

အသတ်ခံရသူတွေဟာ ဦးကျော်သူထွန်း ၃၈ နှစ် ၊ သားဖြစ်သူ အိုအီး ၁၄ နှစ်၊ ညီအစ်ကိုနှစ်ဦးဖြစ်တဲ့ တုံတုံချစ် ၁၅ နှစ်၊ ကိုချစ်စူး ၂၀ နှစ်တို့ဖြစ်ကြပြီး၊ လုံခြုံရေးအရအမည်မဖော်လိုတဲ့နောက်ထပ် ဒေသခံအမျိုးသား ၂ ဦးကိုတော့ ဖမ်းဆီးပြီးနောက် ပြန်လွှတ်ပေးခဲ့တယ်လို့ ဒေသခံတဦးက ပြောပါတယ်။


"မနေ့က အလောင်းတွေ့တာကတော့ ဦးကျော်သူရဲ့ သားဖနှစ်ယောက်ကိုပါ။ ညီအစ်ကိုနှစ်ယောက်ရဲ့ အလောင်းတွေကိုတော့ ရှာဖွေနေဆဲပါ။ သားဖနှစ်ယောက်ရဲ့အလောင်းကိုတော့ ညောင်ပင်ဝန်းတံတားအောက်မှာ တွေ့ခဲ့တာ။ ၂ယောက်ကတော့ လွတ်တာ အတည်ပြုလို့ရပါတယ်" လို့ ပြောပါတယ်။

ဒေသခံ ၄ ဦး ကို သတ်သွားခဲ့တဲ့ စစ်ကောင်စီတပ်သားတွေဟာ ညောင်ပင်ဝန်းရဲစခန်းကိုရောက်ရှိနေတဲ့ တပ်မ ၃၃ လက်အောက်ခံတပ်သားတွေဖြစ်ပြီး မောင်းထောင်ကျေးရွာကို အင်အား ၄၀ ကျော်နဲ့ ဝင်ရောက်စစ်ကြောင်းထိုးပြီးနောက် ရဲစခန်းကိုအပြန်မှာ ဖမ်းခေါ်သွားပြီး အခုလို သတ်ဖြတ်ခဲ့တာလို့ ဆိုပါတယ်။

"စကစတွေက အရပ်သားတွေကို ဖမ်းတဲ့နေ့ ၂ ယောက်သတ်တယ်။ မနေ့က ၂ ယောက် သတ်တယ်။ သတ်ပြီးတော့ မူးမြစ်ထဲပစ်ချခဲ့ကြတာ" လို့ Knight Commanders PDFမှတာဝန်ခံ ဘယ်သန်ကြီးက ပြောပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၅ ရက်နေ့ကလည်း အင်အား ၁၀၀ ကျော်ပါတဲ့ တပ်မ ၃၃ စစ်ကြောင်းတခုဟာ မြင်းမူနယ်၊ လက္ကပင်ကျေးရွာကို ဝင်ရောက်ပြီး ပြည်ကြီးတံခွန်ဆရာတော် ဦးအဂ္ဂ၊ PDFရဲဘော် ၅ ဦး၊ ရွာခံအမျိုးသား ၄ ဦးတို့ကို ဖမ်းဆီးပြီးနောက် အဲဒီထဲက PDF ရဲဘော် ၅ ဦးကို သတ်ဖြတ်ပြီး အလောင်းတွေကို မြစ်ထဲမျောခဲ့ကြတယ်လို့ သိရပါတယ်။

စာတည်း - ရင်ငြိမ်း
#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10