စစ်ကိုင်းမှာ စစ်ကောင်စီတပ်ကို လုံးပါးပါးအောင်လုပ်ပြီး ကျနော်တို့ အနိုင်ယူပြမယ် (ရုပ်/သံ)

စစ်ကိုင်းတိုင်းထဲမှာ စစ်ကောင်စီကို ရင်ဆိုင်တိုက်ခိုက်နေကြတဲ့ ကာကွယ်ရေးအဖွဲ့တွေဟာ တိုက်ပွဲတွေ ဖော်ဆောင်ရာမှာ စစ်ကောင်စီရဲစခန်းတွေနဲ့ ကင်းစခန်းတွေအထိ ဝင်ရောက်စီးနင်းတိုက်ခိုက်နေတာတွေ အခုလ ဇွန်လထဲမှာ ပိုမိုလုပ်ဆောင် လာနေကြပါတယ်။ 

စစ်ကောင်စီဘက်က အင်အား လျော့ကျလာနေသလိုတဖက်မှာ ကာကွယ်ရေးအဖွဲ့တွေက နယ်မြေ စိုးမိုးနိုင်ရေးအတွက် အခုလို ရဲစခန်းတွေအပါအဝင် အထိုင်တပ်စခန်းတွေကို ရရင်ရသလို စီးနင်းတိုက်ခိုက်နေတာလို့ Zero ပြောက်ကျားတပ်မဟာ၊ တပ်ရင်း ၇၊ မြင်းခြံခရိုင် တပ်ရင်းမှူး ဗိုလ်သက်ကြီးက မြေလတ်အသံကို ပြောပါတယ်။

ယခင်က မိုင်းစစ်ဆင်ရေးကို အဓိကထားပြီး စစ်ကောင်စီယာဉ်တန်းတွေကို တိုက်ခိုက်ခဲ့ကြပေမယ့် အခုအချိန်မှာ စစ်ကောင်စီအုပ်စု အသွားအလာနည်းလာတာကြောင့် ဝေဟင်ဒရုန်းဘက်ကို ပြောင်းလဲတိုက်ခိုက်လာသလို စစ်အုပ်စုနဲ့ အနီးကပ် ထိပ်တိုက်စစ်ဆင်ရေးဘက်ကို တိုက်စစ်ဖွင့်ပြီး လုပ်ဆောင်နေကြတာ ဖြစ်ပါတယ်။

အဲ့ဒီလို တိုက်ခိုက်ရာမှာ စစ်ကောင်စီဘက်က သေဆုံးအထိခိုက်များလို့ လေကြောင်းပစ်ကူနဲ့ တိုက်ခိုက်တာတွေကြောင့် စခန်းတွေကို အပြီးပြတ်သိမ်းပိုက်နိုင်တာတော့ မရှိသေးဘဲ ပြန်လည်ဆုတ်ခွာနေကြရပါတယ်။

လက်ရှိမှာတော့ စစ်ကိုင်းတိုင်းထဲက နယ်မြေအများစုမှာ စစ်ကောင်စီ အင်အားလျော့ကျလာတာကြောင့် ခုခံစစ်ကို အသုံးပြုနေရပြီး ကာကွယ်ရေးအဖွဲတွေက  မြို့ပေါ်အထိ လက်နက်ကိုင်ဆောင်ပြီး သွားလာလှုပ်ရှားနေကြပြီ ဖြစ်ပါတယ်။

 

တည်းဖြတ် - ငြိမ်းဇော်

#မြေလတ်အသံ

#စစ်ကိုင်းတိုင်း #နယ်မြေစိုးမိုးရေး #စစ်ကောင်စီ #PDF #ဗိုလ်သက်ကြီး

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10