စစ်ကိုင်းမှာ ဒဏ်ရာရစစ်သားတွေကိုတင်လာတဲ့ စစ်ကောင်စီကား မိုင်းဆွဲခံရလို့ ၁ ဦး သေဆုံးဟုဆို

စစ်ကိုင်းမှာ ဒဏ်ရာရစစ်သားတွေကိုတင်လာတဲ့ စစ်ကောင်စီကား မိုင်းဆွဲခံရလို့ ၁ ဦး သေဆုံးဟုဆို

စစ်ကိုင်းမြို့နယ်မှာ ဒဏ်ရာရတဲ့စစ်သားတွေတင်ဆောင်လာတဲ့ စစ်ကောင်စီကား ၁ စီးကို ဇူလိုင်လ ၁၆ ရက်၊ မနက် ၇ နာရီကျော်မှာ မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ၁ ဦးသေဆုံးပြီး ၄ ဦးဒဏ်ရာရရှိခဲ့တယ်လို့ Fight For Federal က ပြောပါတယ်။

အဲ့ဒီကားဟာ ပျူရွာက လူနာတင်ကားဖြစ်ပြီး ဇူလိုင်လ ၁၅ ရက်မှာ ဆားတောင်ရဲစခန်းထဲ အချင်းချင်း ပစ်ခတ်မှုဖြစ်ပြီး ဒဏ်ရာရရှိသွားတဲ့စစ်သားတွေကို စစ်ကိုင်းမြို့သို့ သယ်ဆောင်လာချိန် မာလဲတော(ပျူ)ရွာအနီးအရောက်မှာ အသင့်ထောင်ထားတဲ့ ပဒေသာမိုင်း ၂ လုံးနဲ့ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

"လူနာတင်ကားက မာလဲတောကကား။ ကားကတော့ ပျက်စီးသွားပြီးတော့ မောင်းလို့မရဖြစ်သွားတယ်။ ၁ ယောက်ကပွဲချင်းပြီးသေတယ်။ ၄ ယောက်က ဒဏ်ရာပြင်းတယ်လို့ ဖရဲသီးပြောလို့ အတည်ပြုနိုင်ခဲ့တယ်။ အဲကောင်တွေကို နောက်ကားတစီးနဲ့ ယူလာခဲ့ကြတယ်" လို့ Fight For Federal မှ တာဝန်ရှိသူတဦး က ပြောပါတယ်။

အဲဒီကားပေါ်မှာ စစ်ကောင်စီတပ်သား ၈ ဦးပါပြီး မိုင်းဆွဲခံရပြီးနောက် ကားပေါ်ကနေ လက်နက်ငယ်တွေနဲ့ ၅ မိနစ်ခန့်အကြာ ရမ်းသမ်းပစ်ခတ်ခဲ့ပေမယ့် PDF ရဲဘော်တွေ အထိအခိုက်မရှိ ပြန်ဆုတ်နိုင်ခဲ့တယ်လို့ သူကဆက်ပြောပါတယ်။

ဒဏ်ရာရသွားတဲ့ စစ်သားတွေကိုသွားယူကြတဲ့ စစ်ကောင်စီတပ်သားတွေဟာ အုန်းတောရွာမှာရှိတဲ့ အမှတ် ၆၀၀၅ အမြောက်တပ်ရင်းက ဖြစ်တယ်လို့ ဆိုပါတယ်။

ဒီတိုက်ခိုက်မှုကိုတော့ Fight For Federal၊ အညာသားလေး SGG၊ Phoenix SGG၊ Unicorn ပြောက်ကျားတပ်ဖွဲ့၊ စစ်ကိုင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့မေလ ၃ ရက်မှာလည်း စစ်ကိုင်းမြို့ နယ်၊ ညောင်ပင်ဝန်းရဲစခန်းကို Fight For Federal အပါအဝင် မဟာမိတ်အဖွဲ့တွေက ဒရုန်း ၅ စီးနဲ့ ဗုံးသီး ၉ လုံးချတိုက်ခိုက်ခဲ့လို့ စစ်ကောင်စီတပ်သား ၃ ဦး ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့တယ်လို့ သိရပါတယ်။

စာတည်း - နွေဦးငြိမ်းချမ်း

#မြေလတ်အသံ

#စစ်ကိုင်း #ပျူစောထီး #စစ်ကောင်စီ #စစ်ကြောင်း #မိုင်းဆွဲတိုက်ခိုက်မှု #သေဆုံးမှု #PDF #ပကဖ

 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10