စစ်ကိုင်းမှာ ပစ်ခတ်ခံရလို့ ရဲ ၄ ဦးသေဆုံးပြီး လက်နက်တွေ သိမ်းဆည်းရမိ (ရုပ်/သံ)

စစ်ကိုင်းမြို့နယ်၊ အုန်းတောကျေးရွာအနီး ရဲတွေကိုပစ်ခတ်ရှင်းလင်းခဲ့ရာ ၄ ဦးသေပြီး လက်နက်တွေလည်း သိမ်းဆည်းရမိတယ်လို့ Taw Twin Tup Pee LPDF ထံက သိရပါတယ်။

မတ် ၉ ရက် မနက် ၇ နာရီကျော်ခန့်မှာ ရွာသစ်ကြီးနယ်မြေရဲစခန်းကနေ စစ်ကိုင်း-ကျောက်ဆည်လမ်းပိုင်းက ဆိုင်ခန်းတွေနဲ့ ကုန်တင်ယာဥ်ကားတွေကို ငွေတောင်းဖို့ထွက်လာတဲ့ ရဲ ၄ ဦးပါ အိမ်စီးကားကို သတင်းအရ စောင့်ဆိုင်းပစ်ခတ်ခဲ့တာလို့ Taw Twin Tup Pee LPDF တာဝန်ရှိသူတဦးက ပြောပါတယ်။

ပစ်ခတ်မှုမှာ ၁၀ မိနစ်လောက်ခန့်သာ ကြာမြင့်ခဲ့ပြီး ကားပေါ်ပါ ရဲတပ်ကြပ်ကြီး ၁ ဦး၊ ရဲတပ်ကြပ် ၁ ဦး၊ ရဲဒုတပ်ကြပ် ၁ ဦးနဲ့ ရဲတပ်သား ၁ ဦးသေဆုံးခဲ့တယ်လို့ သူကဆိုပါတယ်။

ဒါ့အပြင် ရဲတွေကိုင်ဆောင်တဲ့ သေနတ် ၄ လက်၊  လက်ပစ်ဗုံး၊ ကျည်တွေနဲ့ကား ၁ စီး၊ ဖုန်း ၄ လုံး၊ ငွေ​ကြေးအချို့ကို သိမ်းဆည်းရမိခဲ့ပါတယ်။

အဲဒီတိုက်ခိုက်မှုကိုတော့ Taw Twin Tup Pee LPDF၊ နယ်စည်းမခြားစစ်ကိုင်းသားအဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

စစ်တပ်ထောက်ခံတဲ့ တယ်လီဂရမ်တွေမှာတော့ စစ်ကောင်စီစက်မှုဒုဝန်ကြီး လမ်းကြောင်းလုံခြုံရေးစောင့်နေတဲ့ ဒုရဲအုပ် ၂ ဦးအပါ ရဲ ၆ ဦးခန့် ပစ်ခတ်ခံခဲ့ရပြီး ရဲတပ်ကြပ် ၃ ဦးသေဆုံးတယ်လို့ ဖော်ပြထားပါတယ်။

စာတည်း - နွေဦးငြိမ်းချမ်း၊ တည်းဖြတ် - HP

#မြေလတ်အသံ

#စစ်ကိုင်းတိုင်း #စစ်ကောင်စီ #ရဲတပ်ဖွဲ့ #ပစ်ခတ်ခံရ #သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10