သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့အဝင်၊ ကန့်တလူတိုးဂိတ်နဲ့ ရွှေပြည့်စုံဆီဆိုင်အနီး ချောင်းကူးတံတားနားမှာ ခရီးသည်တင်ကားလေး မြောင်းထဲကျလို့ အမျိုးသမီး ၁ ဦးသေဆုံးပြီး ယာဉ်မောင်းဒဏ်ရာရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
ဖေဖော်ဝါရီ ၅ ရက် မနက် ၅ နာရီမိနစ် ၃၀ ကျော်ခန့်မှာ ယာဉ်မောင်းနဲ့ အမျိုးသမီးခရီးသည် ၃ ဦးလိုက်ပါလာတဲ့ ဟွန်ဒါဖစ်ယာဉ်ဟာ မန္တလေးဘက်ကနေ မုံရွာဘက်ကို လမ်းအတိုင်းမောင်းနှင်လာချိန် တံတားအနီးအရောက်မှာ မြောင်းထဲထိုးကျခဲ့တာလို့ ဆိုပါတယ်။
"ကားကအရှိန်လွန်ပြီး လမ်းဘေးမြောင်းထဲကို ဘုတ်တိုင်လေးတွေတိုက်ပြီးမှ ကျသွားတာ။ ချင်းတွင်းမန်း ဟွန်ဒါဖစ်ယာဉ်ပါ။ အနောက်ခန်းမှာပါတဲ့ အမျိုးသမီး ၂ ယောက်က ဒဏ်ရာမရဘူး။ ယာဥ်မောင်းဒဏ်ရာရပြီး ရှေ့ခန်းပါတဲ့ အမျိုးသမီးတော့သေတယ်။"လို့ ဒေသခံအမျိုးသမီးတဦးက ပြောပါတယ်။
ဟွန်ဒါဖစ်ယာဉ် မြောင်းထဲထိုးကျတာကြောင့် သေဆုံးခဲ့သူဟာ မုံရွာမြို့နယ်၊ ထနောင်းတော တောင်ရွာနေ အသက် ၅၆ နှစ်အရွယ် ဒေါ်သန်းဆွေဆိုသူ ဖြစ်ပြီး သေဆုံးသူနဲ့ ထိခိုက်ဒဏ်ရာရသူတွေကို ဒေသခံလူမှုကူညီရေးအသင်းတွေက သွားရောက်သယ်ဆောင်ကာ စစ်ကိုင်းဆေးရုံကို ပို့ဆောင်ပေးထားတယ်လို့ ဆိုပါတယ်။
ဖေဖော်ဝါရီ ၁ ရက် မနက်ပိုင်းကလည်း စစ်ကိုင်းမြို့၊ တင်းတိပ်ရပ်ကွက်၊ သီရိရပ်ကောင်းမှုတော်ဘုရားအနီးမှာ ကားပျက်လို့ လမ်းဘေးချပြင်နေတဲ့ကားကို စစ်ကားကဝင်တိုက်လို့ အရပ်သား ၁ ဦးသေပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦးဒဏ်ရာရတယ်လို့ သိရပါတယ်။
စာတည်း - ကိုချမ်း
#မြေလတ်အသံ
#စစ်ကိုင်းတိုင်း #ကန့်တလူဂိတ် #ရွှေပြည့်စုံ #ယာဉ်တိမ်းမှောက်
Share Share Share