စစ်ကိုင်းမှာ တပ်မ ၃၃ စစ်ကြောင်း လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခံရ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ စမွန်းရွာက လူနေအိမ်တွေကိုမီးရှို့နေတဲ့ အင်အား ၇၀ ကျော်ပါ တပ်မ ၃၃ စစ်ကြောင်းကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Bo Tiger-ဗိုလ်ကျားကြီး အဖွဲ့က ပြောပါတယ်။

လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခံရတဲ့ စစ်ကြောင်းဟာ စစ်ကိုင်း တပ်မ ၃၃ က ဖြစ်ပြီး ဩဂုတ် ၁၇ ရက် ညနေ ၄ နာရီခွဲ‌လောက်မှာ ရွာကိုမီးရှို့နေကြချိန် ကာကွယ်ရေးအဖွဲ့တွေက ၆၀ မမ၊ ၈၀ မမ လက်နက်ကြီးတွေနဲ့ ပေ ၂၀၀၀ အကွာကနေ ပစ်ခတ်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

"အဲ့ဒီစစ်ကောင်စီစစ်‌ကြောင်းဟာ ပဒူရွာမှာ အထိုင်ချနေတာ။ အင်အားကတော့ ၇၀ လောက်ပါတယ်။ စစ်သားတွေကတော့ တပ်မ ၃၃ ကပါ။ လက်လုပ်အဖူး ၁၂ လုံးလောက်ပစ်ခဲ့တယ်။ ထိခိုက်သေဆုံးမှုကို စုံစမ်းနေတုန်း" လို့ Bo Tiger-ဗိုလ်ကျားကြီးအဖွဲ့ ခေါင်းဆောင် ဗိုလ်ကျားကြီးက ပြောပါတယ်။

လက်နက်ကြီးတွေနဲ့ တိုက်ခိုက်ခံရပြီးနောက်မှာ အဲ့ဒီစစ်ကြောင်းဟာ ပဒူရွာဘက်ကို ထွက်သွားတယ်လို့ သိရပါတယ်။

စမွန်းရွာက နေအိမ် ၅၀ လောက် မီးရှို့ခံလိုက်ရပြီး အဲ့ဒီရွာက ဒေသခံတွေ ပြောပြချက်အရ အသက်ကြီး အဘွားအိုတယောက်လည်း မီးထဲပါသွားတယ်လို့ ဗိုလ်ကျားကြီးက ဆိုပါတယ်။

ဒီပစ်ခတ်တိုက်ခိုက်မှုကို Bo Tiger-ဗိုလ်ကျားကြီး၊ နယ်စည်းမခြားအဖွဲ့ နဲ့ ဒေသခံ ပကဖ အဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ 

ပြီးခဲ့တဲ့ ဩဂုတ် ၁၁ ရက်ကလည်း ဝက်လက်မြို့နယ်၊ ရှိမ်းမကားရဲစခန်းကထွက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းကို Bo Tiger-ဗိုလ်ကျားကြီးအဖွဲ့က စနိုက်ပါနဲ့ပစ်ခတ်ခဲ့လို့ စစ်သား ၁ ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။

တည်းဖြတ် - ငြိမ်းဇော်

#မြေလတ်အသံ

#စစ်ကိုင်း #စမွန်းရွာ #မီးရှို့ခံရ #တပ်မ၃၃ #တိုက်ခိုက်ခံရ #စစ်သား #PDF #ရုပ်သံသတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10