သတင်း
- - သတင်းတို
 - - စီးပွားရေး
 - - ရွေးကောက်ပွဲ
 - - နိုင်ငံရေး
 - - အင်တာဗျူး
 - - မှုခင်း
 - - ကျန်းမာရေး
 - - ပညာရေး
 - - အလုပ်သမား
 - - သမိုင်း
 - - ပေးစာ
 - - စစ်ရှောင်
 - - တိုက်ပွဲ
 - - သဘာဝဘေး
 
          
        
စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်၊ ကျောက်တာကျေးရွာအနီး လှည်းလမ်းဘေးမှာ သေနတ်နဲ့ ပစ်သတ်ခံထားရတဲ့ အမျိုးသားအလောင်း ၂ လောင်းကို တွေ့ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဇန်နဝါရီလ ၁ ရက် မနေ့က မနက် ၁၀ နာရီခန့်မှာ သေနတ်ဒဏ်ရာတွေနဲ့ သေဆုံးနေတဲ့ အမျိုးသားအလောင်းတွေကို လမ်းသွားလမ်းလာတွေက တွေ့ရှိခဲ့တာလို့ ဆိုပါတယ်။
"သေဆုံးသူတွေက အလောင်းတွေ့တဲ့ ရွာကလူတွေမဟုတ်ဘူး။ မင်းကွန်းဘက်ကလို့ သိရတယ်။ တနေရာမှာ ပစ်သတ်ပြီးမှ အလောင်းကို လာပစ်ထားတဲ့ပုံပါ။ ညပိုင်းမှာ အလောင်းကို လာပစ်သွားတာ ဖြစ်နိုင်တယ်"လို့ ဒေသခံတဦးက ပြောပါတယ်။
သေဆုံးသူတွေဟာ အသက် ၂၅ နှစ်အရွယ်နဲ့ အသက် ၃၅အရွယ် အမျိုးသားတွေဖြစ်ပြီး ဦးခေါင်း၊ လည်ပင်းနဲ့ လက်တွေမှာ ကျည်ဖောက်ဝင်ဒဏ်ရာတွေနဲ့ သေဆုံးနေတာကို တွေ့ရတာလို့ ဒေသခံတဦးက ပြောပါတယ်။
အလောင်းတွေကိုတော့ ဒေသခံတွေက စစ်ကိုင်းမြို့နယ်ပြည်သူ့ဆေးရုံကို ပို့ဆောင်ပေးခဲ့ရပြီး ဇန်နဝါရီ ၂ ရက် ဒီမနက်မှာတော့ ဆေးရုံကနေ မင်းကွန်းမြို့ဘက်ကိုပြန်သယ်သွားကြတယ်လို့ အထက်ပါဒေသခံက ပြောပါတယ်။
သေဆုံးသူ ၂ ဦးနဲ့ ပက်သက်တဲ့ အသေးစိတ်အချက်အလက်တွေနဲ့ သူတို့ကို ဘယ်သူက သတ်တယ်ဆိုတာကိုတော့ မသိရှိရသေးပါဘူး။
အောက်တိုဘာလ ၄ ရက်ကလည်း စစ်ကိုင်းမြို့၊ ပန်းပဲတန်းရပ်ကွက်ရှိ သီရိမင်္ဂလာ ဂုံးကျော်တံတားပေါ်မှာ ဆိုင်ကယ်နဲ့လာတဲ့ အမျိုးသား ၁ ဦး သေနတ်နဲ့ပစ်ခံရပြီး သေဆုံးခဲ့ပါသေးတယ်။
စာတည်း - လင်း
#မြေလတ်အသံ
#စစ်ကိုင်း #ကျောက်တာ #အမျိုးသား၂ဦး #အသတ်ခံရ #သတင်း #မြေလတ်သတင်း
Share Share Share