စစ်ကိုင်းမှာ ပန်းသပိတ်လုပ်လို့ဆိုကာ အမျိုးသမီးငယ် ၁ ဦးအပါအဝင် ၂ ဦးဖမ်းဆီးခံရ

စစ်ကိုင်းမှာ ပန်းသပိတ်လုပ်လို့ဆိုကာ အမျိုးသမီးငယ် ၁ ဦးအပါအဝင် ၂ ဦးဖမ်းဆီးခံရ

စစ်ကိုင်းမြို့၊ ချင်းစုရပ်ကွက်၊ ငါးထပ်ကြီးဘုရားလမ်းမှာ ပန်းသပိတ်လုပ်လို့ဆိုကာ အမျိုးသမီးငယ် ၁ ဦးအပါအဝင် ၂ ဦးကို စစ်ကောင်စီတပ်ဘက်က ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

ဇွန်လ ၁၉ ရက် ညနေပိုင်းမှာ ငါးထပ်ကြီးဘုရားလမ်း၊ ဘော်ဂါကျောက်ဝိုင်းအနီးက second ဖုန်းအရောင်းတဆိုင်ကို စစ်ကောင်စီအဖွဲ့က ဝင်ရောက်ပြီး ဖမ်းဆီးသွားတယ်လို့ ဆိုပါတယ်။

"မနေ့က ရဲတွေကော၊ တပ်တွေကော ဆိုင်မှာဝင်လာပြီး ဖမ်းသွားတာ။ စကစ တယ်လီဂရမ်ချန်နယ်တွေမှာ တင်ခံရလို့ လာဖမ်းသွားတာလို့ပဲ သိရတယ်။" လို့ ဒေသခံတဦးက ပြောပါတယ်။

ဖမ်းဆီးခံရသူ ၂ ဦးဟာ စွမ်းထက်နိုင် ၂၀ နှစ်ကျော် ချင်းစုရပ်ကွက်နေသူနဲ့ ရွှေစင်ဝင်း ၂၀ နှစ်ကျော် ဇေယျာတိုးချဲ့ရပ်နေသူတို့ ဖြစ်တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်ဟာ အဲဒီလူငယ်တွေကို ဖမ်းဆီးပြီး စစ်ကိုင်းမြို့မရဲစခန်းကို ခေါ်ဆောင်သွားကာ စစ်ဆေးနေတယ်လို့ သိရပါတယ်။

ဇွန်လ ၁၉ ရက်နေ့ဟာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့  ၇၈ နှစ်မြောက် မွေးနေ့ဖြစ်လို့ ပြည်သူတွေက ဂုဏ်ပြုတဲ့အနေနဲ့ ပန်းသပိတ်လုပ်ကြတာဖြစ်ပြီး စစ်ကောင်စီဘက်ကတော့ ပန်းရောင်းသူနဲ့ ပန်းပန်သူတွေကိုပါ သပိတ်မှာပါဝင်တယ်ဆိုပြီး လိုက်လံဖမ်းဆီးနေတာပါ။

အလားတူ ပန်းသပိတ်လုပ်ပြီး အွန်းလိုင်းပေါ်ဖြန့်ဝေတယ်လို့ဆိုကာ ပဲခူးတိုင်းဒေသကြီး နတ်တလင်းမြို့နယ်က နိုင်ငံရေးအကျဥ်းသား ၁ ဦးနဲ့ အမျိုးသမီး ၂ ဦးဖမ်းဆီးခံရပါသေးတယ်။

 

စာတည်း - 007

#မြေလတ်အသံ

#စစ်ကိုင်း #ပန်းသပိတ် #လူထုလှုပ်ရှားမှု #စစ်ကောင်စီ #ဖမ်းဆီး

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10