သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
စစ်ကိုင်းမြို့နယ်၊ စစ်ကိုင်း-မင်းကွန်းသွား ကားလမ်းပေါ်ရှိ ပျူစောထီးအဖွဲ့ဝင်တွေစီးနင်းလာတဲ့ ကား ၂ စီးကိုတိုက်ခိုက်ခဲ့တာကြောင့် ပျူစောထီးအဖွဲ့ဝင် ၆ ဦးသေဆုံးကာ သေနတ် ၆ လက်ရရှိခဲ့တယ်လို့ ယူနီကွန်းပြောက်ကျားတပ်ဖွဲ့ (Road to Mandalay)က ပြောပါတယ်။
ဇန်နဝါရီ ၇ ရက် ညနေ ၆ နာရီခန့်မှာ မင်းကွန်းကနေ စစ်ကိုင်းမြို့ကိုမောင်းနှင်လာတဲ့ ပျူစောထီးတပ်ဖွဲ့ဝင်တွေရဲ့ကား ၂စီးကို လက်ပံရွာအနီးမှာ စောင့်ကြိုတိုက်ခိုက်ခဲ့ရာ ၆ ဦး နေရာမှာသေဆုံးတယ်လို့ ဆိုပါတယ်။
" ကားထဲ ကလေး ၁ ယောက်နဲ့ ကလေးအဖေကို လွှတ်ပေးခဲ့ပါတယ်။ ကလေးကို ထောက်ထားသောအားဖြင့် “ လို့ ယူနီကွန်းပြောက်ကျားတပ်ဖွဲ့(Road to Mandalay)မှ တပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။
စစ်ကောင်စီတပ်ကို ထောက်ခံရေးသားနေတဲ့တယ်လီဂရမ်တွေမှာတော့ အခင်းဖြစ်နေရာကို စစ်ကူ၊ ပစ်ကူတွေ စေလွှတ်ပေးခဲ့ပေမယ့် ပြည်သူ့စစ်တပ်ဖွဲ့ဝင် ၂ ဦးသာ အသက်ရှင်လျက်နဲ့ ပြန်လည်ပူးပေါင်းနိုင်ခဲ့တယ်လို့ ရေးသားထားပါတယ်။
သေဆုံးသူတွေဟာ ပြည်သူ့စစ်တပ်ဖွဲ့ဝင်တွေဖြစ်တဲ့ ကျော်မျိုးထွန်း ၃၃ နှစ်၊ စိုးမင်းနိုင် ၂၅ နှစ်၊ လင်းလင်းဦး(ခ)ဖိုးပြား ၃၂ နှစ်၊ ညီညီအောင် ၃၅ နှစ်၊ ရေချမ်း ၃၆ နှစ်နဲ့ ထက်မြတ် ၃၁ နှစ်တို့ဖြစ်ကြတယ်လို့ စစ်ကောင်စီဝါဒဖြန့်တယ်လီဂရမ်ချန်နယ်တွေက ရေးသားဖော်ပြကြပါတယ်။
အဆိုပါကား ၂ စီးတိုက်ခိုက်ခံရပြီးနောက် စစ်ကိုင်းမြို့မှ စစ်ကောင်စီတပ်သားတွေက သေဆုံးသူတွေရဲ့ရုပ်အလောင်းတွေကို လာရောက်ယူဆောင်ချိန် အခင်းဖြစ်နေရာအနီးရှိ စားသောက်ဆိုင် ၁ ဆိုင်နဲ့ နေအိမ် ၁ လုံးတို့ကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။
ပျူစောထီးတွေရဲ့ရုပ်အလောင်းတွေကိုတော့ စစ်ကိုင်းမြို့ပေါ်ကို ယူဆောင်သွားပြီးနောက် ဇန်နဝါရီ ၈ ရက်မွန်းလွဲ ၁၂ နာရီမှာ သင်္ဂြိုဟ်ခဲ့တယ်လို့သိရပါတယ်။
ဒီတိုက်ခိုက်မှုကိုတော့ ယူနီကွန်းပြောက်ကျားတပ်ဖွဲ့(Road to Mandalay)၊ စစ်ကိုင်းမြို့နယ် ဇုန်၄၊၅ ၊ပကဖ အဖွဲ့ တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။
စာတည်း - ဟိန်းစံ
#မြေလတ်အသံ
#စစ်ကိုင်း #ပျူစောထီး #ယူနီကွန်းပြောက်ကျား #တိုက်ခိုက်
Share Share Share