စစ်ကိုင်းမှာ ရွာ ၁၅ ရွာပေါင်းပြီး PDF ကို ဆန်နဲ့စားနပ်ရိက္ခာတွေ ထောက်ပံ့

စစ်ကိုင်းမှာ ရွာ ၁၅ ရွာပေါင်းပြီး PDF ကို ဆန်နဲ့စားနပ်ရိက္ခာတွေ ထောက်ပံ့

စစ်ကိုင်းတိုင်းအတွင်းရှိ ကျေးရွာ ၁၅ ရွာက ဒေသခံတွေပူးပေါင်းပြီး Myanmar Defense Force - MDF တပ်ရင်းက ရဲဘော်တွေအတွက် ဆန်နဲ့ စားနပ်ရိက္ခာတွေ ထောက်ပံ့ပေးခဲ့တယ်လို့ သိရပါတယ်။ 

ဆန်တင်း ၅၀ ကျော်၊ ဆီပုံး ၃ ပုံးနဲ့ အခြားသော ဟင်းသီးဟင်းရွက်တွေကို ဇန်နဝါရီလ ၂၁ ရက်ဒီကနေ့မှာ ထောက်ပံ့ခဲ့တာလို့ Myanmar Defense Force - MDF တာဝန်ခံက ပြောပါတယ်။

“အခုလို ထောက်ပံ့တဲ့အပေါ်မှာ အတိုင်းမသိ ဝမ်းသာတာပေါ့။ ကျနော်ရပ်တည်နေရတာကလည်း စားနပ်ရိက္ခာအစ လက်နက်တွေဝယ်ဖို့ ဘတ်ဂျက်တွေ လိုအပ်နေတာ၊ ကျနော်တို့က အာဏာရှင်စနစ်ဆိုးကိုမကြိုက်လို့ တော်လှန်နေရပေမယ့် ငွေရေးကြေးရေးအပိုင်းမှာ ဘက်ဂရောင်း မရှိကြဘူး။ လက်ရှိတော်လှန်နေတာကလည်း ကျနော်တို့မှာ အိုးပစ်အိမ်ပစ်နဲ့ ဆိုတော့ အခက်အခဲတွေ ကြုံနေရပါတယ်” လို့ ပြောပါတယ်။ 

ဒါ့အပြင် ပြည်သူတွေအနေနဲ့ အခုလို တပ်ဖွဲ့ဝင်တွေရဲ့ စားဝတ်နေရေးအတွက် တထောင့်တနေရာကနေ ထောက်ပံ့ပေးတဲ့အပေါ် ကျေးဇူးတင်တယ်လို့လည်း ဆိုပါတယ်။ 

ထောက်ပံ့ပေးခဲ့တဲ့ ကျေးရွာအမည်တွေကိုတော့ လုံခြုံရေးအရ ထည့်သွင်းပြောကြားခဲ့ခြင်း မရှိပါဘူး။

Myanmar Defense Force – MDF အဖွဲ့ဟာ စစ်ကိုင်းတိုင်းအတွင်း စစ်ကောင်စီတော်လှန်တိုက်ထုတ်နေတဲ့ ကာကွယ်ရေးတပ်ဖွဲ့တခုဖြစ်ပြီး ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလပိုင်းမှာလည်း အခြားသောမဟာမိတ်အဖွဲ့တွေနဲ့ ပူးပေါင်းပြီး ချင်းတွင်းမြစ်ကြောင်းတလျောက် ဖြတ်သန်းလာတဲ့ စစ်ကောင်စီရေယာဥ်တွေကို တလနီးပါး ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပါသေးတယ်။ 

 

#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10