သတင်း
- - သတင်းတို
 - - စီးပွားရေး
 - - ရွေးကောက်ပွဲ
 - - နိုင်ငံရေး
 - - အင်တာဗျူး
 - - မှုခင်း
 - - ကျန်းမာရေး
 - - ပညာရေး
 - - အလုပ်သမား
 - - သမိုင်း
 - - ပေးစာ
 - - စစ်ရှောင်
 - - တိုက်ပွဲ
 - - သဘာဝဘေး
 
          
        
စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့၊ ဧမြဝတီရပ်ကွက်က စစ်တပ်လက်အောက်ခံပြည်သူ့စစ် (ပျူစောထီး) အမျိုးသားတဦးရဲ့နေအိမ်ကိုဝင်ရောက်ပစ်ခတ်ချိန်မှာ ဇနီးဖြစ်သူကျည်ထိသေဆုံးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
မေ ၁၆ ရက် ည ၁၁ နာရီခန့်မှာ ဧမြဝတီရပ်ကွက်အနောက်ပိုင်းနေ ပျူစောထီး ဦးလှသန်းဌေးရဲ့နေအိမ်ကို လက်နက်ကိုင်လူတစုက ဝင်ရောက်ပစ်ခတ်ရာမှာ ဇနီးဖြစ်သူသေဆုံးခဲ့ပြီး ဦးလှသန်းဌေးကတော့ ဒဏ်ရာပြင်းထန်ရရှိသွားတယ်လို့ ဆိုပါတယ်။
"လက်နက်ကိုင်အဖွဲ့က သေနတ်အရှည်တွေလည်းပါတယ်။ သူတို့နာမည်ခေါ်ပြီး အိမ်ထဲထိ ဝင်ပစ်သွားတာလို့တော့ သိရတယ်။ မယားဖြစ်သူကတော့ နေရာမှာပဲသေသွားတယ်"လို့ ဒေသခံအမျိုးသမီးတဦးက ပြောပါတယ်။

သေနတ်နဲ့ပစ်ခတ်ခံရလို့ ဦးသန်းဌေးမှာ ဘယ်ဘက်ပေါင်နဲ့လက်ဖျံ ကျည်ဖောက်ဝင် စိုးရိမ်ရ ဒဏ်ရာရရှိပြီး အသက် ၄၀ အရွယ် ဇနီးဖြစ်သူ ဒေါ်လှလှဝင်း ကတော့ ဘယ်ဘက်ရင်အုံနဲ့ ဦးခေါင်းတို့မှာ ကျည်ဖောက်ဝင် ဒဏ်ရာတွေရရှိပြီး နေရာတင်သေဆုံးသွားတယ်လို့ ဆိုပါတယ်။
စစ်ကိုင်းမြို့နယ် ပကဖ တာဝန်ရှိသူကတော့ ဒီပစ်ခတ်မှုကို သူတို့အဖွဲ့ လုပ်ဆောင်တာမဟုတ်ဘဲ ဖြစ်စဥ်နဲ့ပတ်သက်တဲ့ နောက်ဆက်တွဲအခြေအနေတွေကိုတော့ စုံစမ်းနေတယ်လို့ ပြောပါတယ်။
ပစ်ခတ်မှုဖြစ်အပြီးမှာ စစ်ကောင်စီအဖွဲ့တွေလာရောက်စစ်ဆေးခဲ့ပြီးနောက် သေဆုံးဒဏ်ရာရသူတွေကို စစ်ကိုင်းဆေးရုံကို သယ်ဆောင်သွားတယ်လို့ ဒေသခံအမျိုးသမီးက ဆိုပါတယ်။
ဦးလှသန်းဌေးကိုင်ဆောင်ထားတဲ့ BA 63 သေနတ် ၁ လက်၊ ကျည်အိမ် ၂ ခုကိုပါ သိမ်းဆည်းခံလိုက်ရတယ် လို့သိရကြောင်း အထက်ပါအမျိုးသမီးက ပြောပါတယ်။
မေ ၁၀ ရက်ညပိုင်းကလည်း စစ်ကိုင်းမြို့နယ်၊ ရေခါးကျေးရွာမှာ ရေခါးကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမြင့်ဝင်းကို လက်နက်ကိုင်အဖွဲ့တွေကလာရှာပြီး နေအိမ်မှာမတွေ့လို့ မိသားစုဝင်အမျိုးသား ၃ ဦး ပစ်ခတ်ခံရပြီး သေဆုံးခဲ့ပါသေးတယ်။
စာတည်း - လင်း
#မြေလတ်အသံ
#စစ်ကိုင်း #ပြည့်သူ့စစ် #ပျူစောထီး #ပစ်ခတ်ခံရ #ဇနီးသေဆုံး #ပဋိပက္ခ
Share Share Share