စစ်ကိုင်းမှာ အမျိုးသမီး ၂ ဦးအပါ ၅ ဦးကို စစ်တပ်ကဖမ်းဆီး

စစ်ကိုင်းမှာ အမျိုးသမီး ၂ ဦးအပါ ၅ ဦးကို စစ်တပ်ကဖမ်းဆီး

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ လယ်ကြီးကျေးရွာမှာ အမျိုးသမီး ၂ ဦးအပါအဝင် ၅ ဦး စစ်ကောင်စီ စစ်ကြောင်းနဲ့တွေ့ပြီး ဖမ်းဆီးခံလိုက်ရတယ်လို့ ဒေသခံတွေကပြောပါတယ်။

ဇူလိုင် ၂၂ ရက် ညနေ ၅ နာရီကျော်လောက်မှာ လယ်ကြီးကျေးရွာ ဒေသခံ အသက် ၂၀ ကနေ ၃၀ အရွယ်တွေဖြစ်တဲ့ မိတိုးနဲ့ ကိုဝက်ဖြူအပါအဝင် အမျိုးသမီး ၂ ဦး၊ အမျိုးသား ၃ ဦး စုစုပေါင်း ၅ ဦး ဖမ်းဆီးခံခဲ့ရတာလို့ ဆိုပါတယ်။ 

"စကစတွေက သေနတ်တွေပစ်ပြီးတော့ ရွာထဲဝင်လာတာ။ လမ်းမှာတွေ့တဲ့သူတွေကို ဖမ်းခေါ်သွားတာ။ လက်ပြန်ကြိုးတုပ်ပြီး ဖမ်းခေါ်သွားတာ"လို့ လယ်ကြီးကျေးရွာခံ အမျိုးသားတဦးက ပြောပါတယ်။

တိုက်ပွဲဖြစ်တာမရှိဘဲ လယ်ကြီးကျေးရွာထဲကို စစ်ကောင်စီတပ်သား အင်အား ၂၀ ခန့်က သေနတ်ပစ်ဖောက် ဝင်ရောက်လာပြီးနောက် လမ်းမှာတွေ့တဲ့ အထက်ပါဒေသခံ ၅ ဦးကို အဓမ္မဖမ်းဆီးသွားတာလို့လည်း ဆိုပါတယ်။ 

အဖမ်းခံရသူတွေကို စစ်ကောင်စီတပ်သားတွေက သူတို့တပ်စွဲထားတဲ့ ငုံးတွင်းကျေးရွာကို ဖမ်းခေါ်သွားပြီး ဇူလိုင် ၂၄ ရက်ဒီကနေ့အထိ ပြန်မလွတ်လာသေးဘူးလို့ သူကဆက်ပြောပါတယ်။

ငုံးတွင်းနဲ့ လယ်ကြီးကျေးရွာတို့ဟာ မုံရွာ-စစ်ကိုင်း ကားလမ်းမကြီးနံဘေးမှာတည်ရှိပြီး ရွာ၂ ရွာဟာ မီတာ ၅၀၀ လောက်သာ ကွာဝေးတယ်လို့သိရပါတယ်။

စာတည်း - လင်း 

#မြေလတ်အသံ

#စစ်ကိုင်း #လယ်ကြီးကျေးရွာ #ဒေသခံအမျိုးသမီး #ဖမ်းဆီး #စစ်ကောင်စီ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10