စစ်ကိုင်းမှာ အမျိုးသားတဦး ပိုးသတ်ဆေးသောက်ပြီး သေဆုံး

စစ်ကိုင်းမှာ အမျိုးသားတဦး ပိုးသတ်ဆေးသောက်ပြီး သေဆုံး

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့ရှိ ရွှေတောင်ဦးမှော်ဘုရားမှာ အမျိုးသားတဦး ပိုးသတ်ဆေးသောက်ပြီး  သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဧပြီ ၃ ရက် မနက် ၁၁ နာရီခန့်မှာ ရွှေတောင်ဦးမှော်ဘုရား ရင်ပြင်တော်ရှိစေတီထောင့်အနီးမှာ တမူးမြို့သား အသက် ၄၅ နှစ်အရွယ် ဦးမန်းဟောက်မုန်ဟာ ပိုးသတ်ဆေးသောက်ပြီး သေဆုံးခဲ့တာလို့ ဆိုပါတယ်။ 

"သူ့အနားမှာလည် တရုတ်စာတွေနဲ့ပိုးသတ်ဆေးနံ့ရတဲ့ အထုပ်တခုကို အိတ်ဖွင့်လျက်သားတွေ့ရတယ်။ ဆေးသောက်ပြီးမှ ဘုရားကန်တော့တဲ့ပုံစံနဲ့ သေနေတာတွေ့ရတယ်"လို့ ဒေသခံတဦးကပြောပါတယ်။

သေဆုံးသူဆီမှာတွေ့ရတဲ့ မှတ်ပုံတင်အရ တမူးမြို့နယ်နေသူဆိုတာသိရပြီး မသေဆုံးခင်က ဘယ်နေရာမှာနေထိုင်တယ်ဆိုတာကိုတော့ မသိရဘူးလို့ဆိုကြပါတယ်။

ဘာကြောင့် ခုလိုပိုးသတ်ဆေးသောက်ပြီး ကိုယ်တိုင်အဆုံးစီရင်တယ်ဆိုတာကိုတော့ မသိရသေးဘဲ အလောင်းကိုတော့ စစ်ကိုင်းပြည်သူ့ဆေးရုံကို ပို့ဆောင်ပေးထားရတယ်လို့ ဒေသခံတဦးက ပြောပါတယ်။ 

စာတည်း - လင်း 

#မြေလတ်အသံ

#စစ်ကိုင်း #စစ်ကိုင်း #ရွှေတောင်ဦးမှော်ဘုရား #ပိုးသတ်ဆေးသောက် #သေဆုံး 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10