စစ်ကိုင်းမှာ အမျိုးသား ၁ ဦး သေနတ်နဲ့ပစ်ခံရပြီး ဒဏ်ရာပြင်းထန်ရ

စစ်ကိုင်းမှာ အမျိုးသား ၁ ဦး သေနတ်နဲ့ပစ်ခံရပြီး ဒဏ်ရာပြင်းထန်ရ

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့၊ ဧမြဝတီရပ်ကွက်ရှိ "စု" ကလေးအထူးကုဆေးခန်းအနီး လမ်းမပေါ် မှာ အမျိုးသား ၁ ဦး သေနတ်နဲ့ပစ်ခံရပြီး ဒဏ်ရာပြင်းထန်ရသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဩဂုတ် ၁ ရက် မနေ့ညနေ ၃ နာရီခန့်မှာ ရွှေမင်းဝံရပ်ကွက်နေ အသက် ၃၅ နှစ်အရွယ် ကိုစည်သူအောင်ဟာ နေအိမ်ကို ဆိုင်ကယ်နဲ့ပြန်လာချိန် ဆိုင်ကယ်စီးလာသူ အမျိုးသား ၂ ဦးက အနီးကပ် ပစ်ခတ်သွားတာလို့ ဆိုပါတယ်။

"သူက ဆိုင်ကယ်၊ ကား ပွဲစားလုပ်တဲ့သူလို့ သိရတယ်။ ပွဲစားလုပ်သူဆိုတော့ စကစ အဖွဲ့တွေနဲ့ ပေါင်းသင်းတာလည်း ရှိတယ်။ အဲ့ဒါကြောင့်ပစ်ခံရတာလား၊ ဘာကြောင့်ဆိုတာတော့ မပြောတတ်ဘူး"လို့ ဒေသခံတဦးက ပြောပါတယ်။

သေနတ်နဲ့ပစ်ခံရလို့ ကိုစည်သူအောင်ဟာ လက်မောင်းနဲ့နောက်ကျောတွေမှာ သေနတ်ဒဏ်ရာရသွားတဲ့အတွက် စစ်ကိုင်းဆေးရုံကို ပို့ထားရတယ်လို့ ဆိုပါတယ်။ 

ဒီပစ်ခတ်မှုကို ဘယ်အဖွဲ့အစည်း၊ ဘယ်သူတွေကလုပ်ခဲ့လဲဆိုတာကို မသိရသေးပါဘူး။  ပစ်ခတ်မှုအပြီးမှာလည်း စစ်ကောင်စီဘက်က မြို့တွင်းနေရာတွေကို ပိတ်ဆို့ရှာဖွေတာတွေ လုပ်ခဲ့တယ်လို့ သိရပါတယ်။ 

ဇူလိုင် ၂၈ ရက် ညနေ ၄ နာရီခန့်က စစ်ကိုင်းမြို့၊ ဧမြဝတီရပ်ကွက်ရှိ လူမှုဖူလုံရေးရုံးရှေ့မှာ ဆိုင်ကယ်မိုင်းပေါက်ကွဲမှုကြောင့် ဝန်ထမ်း ၂ ဦး ဒဏ်ရာရသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

စာတည်း - လင်း 

#မြေလတ်အသံ

#စစ်ကိုင်း #အမျိုးသားတဦး #ပစ်ခတ်ခံရ #ဒဏ်ရာရ #သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10