စစ်ကိုင်းမှာ အမှိုက်ပုံကနေ ဗုံးကွဲလို့ ကလေး ၁ ဦးသေ၊ ၃ ဦးဒဏ်ရာရ

စစ်ကိုင်းမှာ အမှိုက်ပုံကနေ ဗုံးကွဲလို့ ကလေး ၁ ဦးသေ၊ ၃ ဦးဒဏ်ရာရ

စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့၊ နီလာဦးရပ်ကွက်ရှိ ဦးပြားပဲခွဲစက်အနီး၊ ရထားသံလမ်းဘေး အမှိုက်ပုံကနေ မိုင်းပေါက်လို့ ကလေး ၁ ဦးသေဆုံးပြီး ၃ ဦးဒဏ်ရာရသွားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

ဇန်နဝါရီ ၃ ရက် မနက် ၉ နာရီခန့်မှာ ပလုံကောက်တဲ့ မိသားစုတွေဖြစ်တဲ့ အသက် ၄၅ နှစ်အရွယ် ကိုအောင်အောင်၊  အသက် ၃၂ နှစ်အရွယ် မသင်းသင်းလှ၊ အသက် ၇ နှစ်အရွယ် မောင်ဇေယျာလင်းနဲ့ အသက် ၃ နှစ်အရွယ် မရှိုင်းဝါဆိုတို့ သံလမ်းဘေးအမှိုက်ပုံမှာ လိုအပ်တဲ့ပစ္စည်းတွေ မွှေနှောက်ရှာဖွေနေစဥ် မိုင်းပေါက်ကွဲခဲ့တာလို့ ဆိုပါတယ်။

"သူတို့မိသားစုက ပလုံကောက်တာဆိုတော့ အမှိုက်ပုံထဲ မွှေနှောက်ရှာဖွေတာနဲ့တူတယ်။ အဲ့မှာ မိုင်းကထပေါက်တာ။ အဲ့နားရှိတာဆိုလို့ ရထားသံလမ်းပဲ ရှိတာ"လို့ ဒေသခံတဦးက ပြောပါတယ်။

မိုင်းပေါက်ကွဲမှုဖြစ်တဲ့ ဝန်းကျင်မှာ စစ်ကောင်စီနဲ့ပတ်သက်တဲ့ ဌာနဆိုင်ရာရုံး၊ စစ်ကောင်စီတပ်ရင်း၊ တပ်ဖွဲ့တွေလည်း မရှိဘူးလို့ဆိုပါတယ်။

မိုင်းပေါက်ကွဲလို့ မိသားစုဝင် ၄ ဦးစလုံးဒဏ်ရာရသွားပြီး စစ်ကိုင်းဆေးရုံကို ဒေသခံတွေက တင်ပို့ပေးခဲ့စဥ် မောင်ဇေယျာလင်းမှာ ဒဏ်ရာပြင်းထန်လို့ ဆေးရုံအရောက်မှာ သေဆုံးသွားပါတယ်။

ကျန်မိသားစုဝင် ၃ ဦးမှာလည်း မိုင်းစထိမှန်ဒဏ်ရာတွေများလို့ မန္တလေးဆေးရုံကို လွှဲပြောင်းကာ ဆေးကုသမှုခံ ယူနေရပါတယ်။

ဇွန် ၁၉ ရက်ကလည်း စစ်ကိုင်းမြို့၊ ပိုးတန်းရပ်ကွက်၊ စျေးတောင်ဘက်ခြမ်းမှာ စက်ဘီးနဲ့လာသူ အမျိုးသား ၁ ဦးဟာ လမ်းလယ်နားမှာရှိနေတဲ့ အထုပ်ကို ခြေထောက်နဲ့ လမ်းဘေးကို ဖယ်လိုက်ချိန် ပေါက်ကွဲမှုဖြစ်ပြီး ထိခိုက်ဒဏ်ရာ ရသွားခဲ့တယ်လို့ သိရပါတယ်။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#စစ်ကိုင်းတိုင်း #စစ်ကိုင်းမြို့ #နီလာဦးရပ်ကွက် #ဦးပြားပဲခွဲစက် #ရထားသံလမ်း #အမှိုက်ပုံ #မိုင်းပေါက် #ကလေး #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10