စစ်ကိုင်းမှာ အာဇာနည်ခေါင်းဆောင်တွေအပါ နွေဦးတော်လှန်ရေးအတွင်း ကျဆုံးရဲဘော်တွေကို ဂုဏ်ပြု

စစ်ကိုင်းမှာ အာဇာနည်ခေါင်းဆောင်တွေအပါ နွေဦးတော်လှန်ရေးအတွင်း ကျဆုံးရဲဘော်တွေကို ဂုဏ်ပြု

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်တနေရာမှာ ဇူလိုင်လ ၁၉ ရက်ဒီနေ့ကျရောက်တဲ့ ၇၆ ကြိမ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အခမ်းအနားပွဲကို ဒေသခံတွေစုပေါင်းပြီး ပြုလုပ်ခဲ့ကြတယ်လို့ အဲ့ဒီပွဲကို တက်ရောက်ခဲ့တဲ့ ဒေသခံတဦးက ပြောပါတယ်။ 

အခမ်းအနားမှာ ဗိုလ်ချုပ်အောင်ဆန်းနဲ့တကွ အာဇာနည်ခေါင်းဆောင်ကြီးတွေကို တစ်မိနစ် ငြိမ်သက်အလေးပြုခဲ့ပြီး နွေဦးတော်လှန်ရေးမှာကျဆုံးခဲ့တဲ့ ရဲဘော်တွေကိုပါ အလေးပြုခဲ့တယ်လို့ သိရပါတယ်။ 

"ဒေသခံတွေက ပြုလုပ်တာပါ။ ဒေသခံကာကွယ်ရေးရဲဘော်တွေက လုံခြုံရေးပေးထားပါတယ်"လို့ တက်ရောက်ခဲ့တဲ့ ပြည်သူတဦးကပြောပါတယ်။

ကျဆုံးရဲဘော်တွေရဲ့ မိသားစုဝင်တွေလည်း တက်ရောက်ခဲ့ကြသလို မနက် ၁၀ နာရီ ၃၇ မိနစ်မှာ ဝမ်းနည်းခြင်း အထိမ်းအမှတ်အဖြစ် ကား၊ ဆိုင်ကယ် ဟွန်းတီးတာတွေလည်း ပြုလုပ်ခဲ့ကြတယ်လို့ ဆိုပါတယ်။ 

စာတည်း - လင်း

#မြေလတ်အသံ 

#စစ်ကိုင်း #အာဇာနည်နေ့ #အထိမ်းအမှတ် #ကျဆုံးရဲဘော်

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10