စစ်ကိုင်းရေကြီးမှု နေအိမ်တွေမြုပ်တဲ့အထိ ရေတိုးလာနေပြီး ရေဘေးသင့်သူ ထောင်ချီအထိ မြင့်တက်လာ

စစ်ကိုင်းရေကြီးမှု နေအိမ်တွေမြုပ်တဲ့အထိ ရေတိုးလာနေပြီး ရေဘေးသင့်သူ ထောင်ချီအထိ မြင့်တက်လာ

စစ်ကိုင်းမြို့နယ်အတွင်း ဧရာဝတီမြစ်ရေဝင်ရောက်လာမှုဟာ စိုးရိမ်ရေအမှတ်ထက်ကျော်လွန်ပြီး နေအိမ်တွေနစ်မြုပ်တဲ့အထိဖြစ်လာလို့ ရေဘေးသင့်ပြည်သူထောင်ချီတဲ့အထိ တိုးမြင့်လာတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

ယမန်နေ့က စစ်ကိုင်းမြို့ မြေအနိမ့်ပိုင်းနေရာ မြို့ပေါ်ရပ်ကွက်နဲ့ကျေးရွာ ၂၀ ခန့်ကို ရေဝင်ရောက်နေတာကနေ ဒီကနေ့မှာ စိုးရိမ်ရေမှတ်အထက် ၁ ပေနီးပါးမြင့်တက်လာတာကြောင့် ရေကြီး၊ ရေလျှံမှုဖြစ်တဲ့ရပ်ကွက်တွေနဲ့ ကျေးရွာတွေတိုးလာသလို အနိမ့်ပိုင်းနေရာတွေမှာ နေအိမ်တွေပါနစ်မြုပ်လာတာ လို့ ဆိုပါတယ်။

"ရေက မနေ့ကထက် ထပ်တိုးလာတော့ ရပ်ကွက်တော်တော်များများရေဝင်လာပြီး အချို့အိမ်ဆို ခေါင်(ခေါင်မိုး) အထိတိုက်ကုန်ပြီ။ အချို့ကတော့ နေအိမ်တဝက်လောက်ရေဝင်ကုန်လို့ပြေးလာကြပြီ။ ရေကတော့ ထပ်တက်မယ့်သဘောမှာရှိနေတယ်လို့ " စစ်ကိုင်းမြို့ခံတဦးက မြေလတ်အသံကို ပြောပါတယ်။ 

ရေထပ်တက်လာလို့ လတ်တလောမှာ အနိမ်ပိုင်းတွေဖြစ်တဲ့ သောတပန်၊ မင်းဇံ၊ ထုံးဘို၊ တကောင်း၊ ဧမြဝတီအပါအဝင် ရပ်ကွက် ၁၀ ခုကျော်နဲ့ သဗြု၊ ညောင်ကုန်း၊ မအူပင်၊ ဒေါင်းမ စတဲ့ ကျေးရွာတွေအပါအဝင် ၂၀ ကျော်က ရေဘေးသင့်ပြည်သူ ၁၀၀၀ ကျော်ကို စစ်ကိုင်းမြို့အမြင့်ပိုင်းရှိ ဘုရားဝင်း နဲ့ဘုန်းကြီးကျောင်းတွေမှာ နေရာချထားပေးထားတယ်လို့ သိရပါတယ်။

ရေဘေးကြောင့်ပြောင်းရွေ့လာတဲ့ ဒေသခံပြည်သူတွေအတွက် ရေနဲ့စားစရာတွေအရေးပေါ် လိုအပ်နေပြီး လူမှုကူညီရေးအဖွဲ့တွေနဲ့ဒေသခံတွေက ကူညီနေကြပေမယ့် လိုအပ်ချက်ရှိနေတယ်လို့ သိရပါတယ်။

မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနရဲ ဇွန်လ ၉ ရက်နေ့ နေ့လည် ၁၂ နာရီ ၃၀ မိနစ်အချိန် တိုင်း ထွာချက်အရ ဧရာဝတီမြစ်ရေဟာ စိုးရိမ်ရေမှတ်ထက် ၄၅ စင်တီမီတာ ကျော်လွန်ပြီး နောက်တရက် ခန့် မှန်းချက်အရ စိုးရိမ်ရေမှတ်အထက်မှာဆက်လက်ရှိနေမယ်လို့ သိရပါတယ်။

စာတည်း - ဟိန်းစံ။

#မြေလတ်အသံ

#ရေကြီးရေလျှံ #သတင်း #စစ်ကိုင်း #ဧရာဝတီမြစ် #မြစ်ရေကြီးသတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10