စစ်ကိုင်းရဲ့ အရွေ့ဟာ တနိုင်ငံလုံးရဲ့ အရွေ့ပါပဲ (ရုပ်/သံ)

တော်လှန်ရေး အားကောင်းတဲ့ ‌ဒေသတခုဖြစ်တဲ့ စစ်ကိုင်းတိုင်းအတွင်းက တော်လှန်ရေးအင်အားစု ၁၇၀ ကျော် ပါဝင်တဲ့ စစ်ကိုင်းဖိုရမ်ကို ပြီးခဲ့တဲ့ မေလ ၃၀ နဲ့ ၃၁ မှာ ၂ ရက်တာ အွန်လိုင်းတွေ့ဆုံမှုနဲ့ ပြုလုပ်ခဲ့ကြပါတယ်။

လက်နက်ကိုင်အဖွဲ့အစည်းတွေ၊ သပိတ်အင်အားစုတွေ၊ CDM တွေ ပါဝင်တဲ့ အဖွဲ့အစည်း ၁၇၀ ကျော် တွေ့ဆုံပြီး စစ်ကိုင်းတိုင်းအတွင်း စုဖွဲ့မှုကောင်းကောင်းနဲ့ တော်လှန်ရေးကို ရှေ့ဆက်ကြဖို့ ဆွေးနွေးတိုင်ပင်ခဲ့ကြတာပါ။

ဒါဟာ စစ်ကိုင်းတိုင်းအတွင်း တော်လှန်ရေးကာလ ၂နှစ်ကျော်ကာလအတွင်းမှာ အဖွဲ့အစည်းပေါင်းများစွာပါဝင်တဲ့ အစုအဖွဲ့တခုအဖြစ် ပထမဆုံးအကြိမ်ပြုလုပ်ခဲ့တာဖြစ်သလို နိုင်ငံအဝှမ်းက အဖွဲ့အစည်း ၃၀ကျော် အားပေးထောက်ခံ့မှုလည်း ရရှိခဲ့ပါတယ်။

စစ်ကိုင်းဖိုရမ်ရဲ့ ရည်ရွယ်ချက်တွေ၊ ၂ ရက်တာတွေ့ဆုံမှု အတွင်း ရရှိခဲ့တဲ့ သဘောတူညီချက်တွေ၊ အခြာတိုင်းနဲ့ ပြည်နယ်တွေမှာလည်း အခုလိုစုဖွဲ့မှုမျိုးတွေ လုပ်ဆောင်သင့်တယ်ဆိုတာတွေကို ‌မြေလတ်အသံက တွေ့ဆုံမေးမြန်းထားတဲ့ စစ်ကိုင်းဖိုရမ်ပြောရေးဆိုခွင့်ရှိသူတဦးဖြစ်တဲ့ မချောစုစံရဲ့ အင်တာ‌ဗျူး အပြည့်အစုံကို တင်ဆက်ပေးထားပါတယ်။

 

#မြေလတ်အသံ

#စစ်ကိုင်းဖိုရမ် #တော်လှန်ရေး #အင်တာဗျူး #စစ်ကိုင်းတိုင်း #လက်နက်ကိုင် #သပိတ် #CDM

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10