စစ်ကိုင်းအတွင်းရှိ KIA နဲ့ PDF တပ်ဖွဲ့တွေကို ချေမှုန်းမည်ဟု ပျူခေါင်းဆောင် ဘုန်းကြီးဦးဝါသဝ ကြုံးဝါး

စစ်ကိုင်းအတွင်းရှိ KIA နဲ့ PDF တပ်ဖွဲ့တွေကို ချေမှုန်းမည်ဟု ပျူခေါင်းဆောင် ဘုန်းကြီးဦးဝါသဝ ကြုံးဝါး

စစ်ကိုင်းတိုင်းအတွင်းရှိ KIA နဲ့ PDF တပ်ဖွဲ့တွေကို အမြစ်ပြတ်ချေမှုန်းသွားမယ်လို့ ကန့်ဘလူနဲ့ ကျွန်းလှမြို့နယ်က ပျုစောထီးခေါင်းဆောင် ဘုန်းကြီးဝါသ၀က ကြုံးဝါးပြောဆိုလိုက်ပါတယ်။  

ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ညီနောင်မဟာမိတ် ၃ ဖွဲ့နဲ့ ပူးပေါင်းဒေသကာကွယ်ရေးတပ်ဖွဲ့တွေက ၁၀၂၇ စစ်ဆင် ရေးဆင်နွှဲနေပြီး စစ်ကိုင်းတိုင်းအတွင်းကိုပါ ၁၀၂၇ စစ်ဆင်ရေးကူးစပ်လာတဲ့အချိန်မှာ အခုလို ပြောကြားလိုက်တာဖြစ်ပါတယ်။  

ပြီးခဲ့တဲ့ စက်တင်ဘာ ၂၂ ရက်ကနေ နို၀င်ဘာ ၁ ရက်အထိ စစ်ကောင်စီက ပြည်သူ့စစ်နဲ့ ပျူစောထီးတွေကို အထူးကွန်မန်ဒိုစစ်သင်တန်းဆင်းပွဲတခုမှာ ဘုန်းကြီးဝါသဝက အခုလို ပြောကြားလိုက်တာလည်း ဖြစ်ပါတယ်။ 

အဲ့ဒီရုပ်သံဖိုင်ဟာ စစ်တပ်ထောက်ခံသူတွေရဲ့ ဆိုရှယ်မီဒီယာတွေမှာ ဖြန့်ဝေနေတာလည်းဖြစ်ပါတယ်။ 

အဲဒီရုပ်သံဖိုင်မှာ ပြည်သူ့စစ်ခေါင်းဆောင် ဘုန်းကြီးဦးဝါသ၀က "ပြည်သူတွေ ခေါင်းပြားအောင်အိပ်နိုင်ဖို့၊ တောင်သူများ လယ်ယာမြေစိုက်ပျိုးနိုင်ဖို့၊ ကလေးသူငယ်များ စာသင်ကြားနိုင်ဖို့ အကြမ်းဖက် KIA နဲ့ PDF များအား ချေမှုန်းအမြစ်ဖြတ်ရန် ရည်ရွယ်ပြီး သင်တန်းပေးရခြင်းဖြစ်တယ်" လို့ ဆိုထားပါတယ်။ 

အဲဒီပြည်သူ့စစ်တွေကို စစ်ကောင်စီက အထူးကွန်မန်ဒိုသင်တန်း သုံးလပေးရမယ့်အစား တလခွဲနဲ့ ရက်တို သင်တန်းဆင်းပေးလိုက်တာဖြစ်တယ်လို့ ပျူစောထီးအဖွဲ့၀င်နဲ့ နီးစပ်သူတဦးက ပြောပါတယ်။

ရှေ့တန်းတိုက်ပွဲတွေမှာ အထိနာနေတဲ့ စစ်ကောင်စီက စစ်အင်အားပြုန်းတီးမှုများလာတဲ့အတွက် အရန်တပ်တွေအပြင် အခုလို ပြည်သူ့စစ်နဲ့ ပျူစောထီးတွေကိုပါ ရက်တိုသင်တန်းတွေပေးပြီး စစ်အင်အားဖြည့်တင်းမှုတွေ လုပ်ဆောင်လာတာပဲဖြစ်ပါတယ်။

ဒါ့အပြင် KIA နဲ့ PDF တွေကို သည်းခံနိုင်မှုအတိုင်းအတာကုန်သွားလို့ စစ်တပ်နဲ့ ပူးပေါင်းပြီး အမြစ်ပြတ်ချေမှုန်း သွားမယ်လို့လည်း ဦးဝါသ၀က ပြောပါတယ်။

ပုံစာ - ကန့်ဘလူနယ် ပျူစောထီးခေါင်းဆောင် ဦးဝါသဝ မှ ပျူစောထီးအဖွဲ့ဝင်တွေကို စစ်သင်တန်းပေး၊မိန့်ခွန်းပြောကြားနေစဉ်။

စာတည်း - လင်းဇေ 

#မြေလတ်အသံ 

#စစ်ကိုင်း #ကန့်ဘလူ #ပြည်သူ့စစ် #ဦးဝါသ၀ #KIA # PDF #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10