စစ်ကိုင်း-မုံရွာကားလမ်းမှာ မိုင်းဆွဲခံရလို့ ၁ ရက်တည်း စစ်ကား ၅ စီး ပျက်စီးခဲ့ဟုဆို

စစ်ကိုင်း-မုံရွာကားလမ်းမှာ မိုင်းဆွဲခံရလို့ ၁ ရက်တည်း စစ်ကား ၅ စီး ပျက်စီးခဲ့ဟုဆို

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်ရှိ စစ်ကိုင်း-မုံရွာ ကားလမ်းပေါ်မှာ စစ်ကြောင်းထိုးဖို့ သွားလာကြတဲ့ စစ်ကောင်စီကားတွေ တိုက်ခိုက်ခံရလို့ ကား ၅ စီး ပျက်စီးသွားခဲ့တယ်လို့ PDF တာဝန်ရှိသူက ပြောပါတယ်။

စစ်ကိုင်း တပ်မ-၃၃ ကနေ မုံရွာဘက်ကို ထွက်ခွာလာတဲ့ စစ်ကောင်စီကား ၁၈ စီးကို မြင်းမူနဲ့ဝမ်းပြည့်ရွာကြားမှာ ၃ ကြိမ်၊ ဝမ်းပြည့်နဲ့ အလ္လကပ္ပရွာကြားမှာ ၅ ကြိမ် စုစုပေါင်း ၈ ကြိမ် မိုင်းဆွဲတိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ People’s knight Defense Force Myinmu မှ ဗိုလ်အေးချမ်းက ပြောပါတယ်။

"ဒီ ၁၈ စီးကို နေ့လည် ၁ နာရီကျော်မှာ တိုက်တာ။ ၁၈ စီးထဲက ၂ နေရာပေါင်း ကား ၂ စီး ထိခိုက်ပြီး လုံးဝပျက်စီးသွားတယ်။ ပျက်စီးခဲ့တဲ့ ကား ၂ စီးက ပထမဆုံးကားနဲ့ တတိယကားပါ။ စကစတွေ သေဆုံး၊ ဒဏ်ရာရသွားတာကိုတော့ စုံစမ်းနေဆဲပါ။ ကျနော်တို့ ရဲဘော်တွေက ခြုံခိုတိုက်ခိုက်တာဆိုတော့ လုံးဝအထိအခိုက် မရှိခဲ့ဘူး" လို့ ဆိုပါတယ်။

အလားတူ ညနေ ၄ နာရီကျော်မှာ မုံရွာမြို့ကနေ စစ်ကိုင်းဘက်ကို ထွက်ခွာလာတဲ့ စစ်ကား ၃၂ စီးကို အလ္လကပ္ပနဲ့ ဝမ်းပြည့်ကျေးရွာကြားမှာ ၄ ကြိမ်တိုင် မိုင်းဆွဲတိုက်ခိုက်ခဲ့တာကြောင့် ကားကြီး ၂ စီးနဲ့ ကားသေး ၁ စီး လုံးဝပျက်စီးသွားခဲ့တယ်လို့ ဗိုလ်အေးချမ်းက ဆက်ပြောပါတယ်။

"ဒုတိအကြိမ်မှာတော့ ၃ စီး ပျက်တယ်။ ဖြစ်စဥ် ၂ ခုပေါင်းဆိုတော့ စကစ ကား ၅ စီး ပျက်စီးတယ်။ စကစတွေ သေဆုံး၊ ဒဏ်ရာရတဲ့ အခြေအနေကိုတော့ မသိရသေးဘူး။ ဒါပေမဲ့ မြင်းမူ ဆေးရုံကို စစ်ကား ၃ စီးနဲ့ လူနာတွေ လာပို့သွားတယ်လို့ သိထားရတယ်။ ဦးရေ ဘယ်လောက်ဆိုတာ မသိရဘူး" လို့ ဆိုပါတယ်။

ဒီတိုက်ခိုက်မှုကို People's knight Defense Force Myinmu (PKDF-MMU)၊People's Army To Fight Dictatorship (PAFD) ၊ Dog Killers Defense Force (DKPDF -MMU) ၊ TAUNGTHA People Defense Force (TTAPDF) ၊ D.B.B.F-MMU စတဲ့ မဟာမိတ်အဖွဲ့ တွေနဲ့ ပူးပေါင်းလုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၆ ရက်နေ့မှာလည်း မြင်းမူမြို့နယ်၊ ပဒတ္ထိုင်းရွာ၊ ညောင်ပင်ကန်ရွာတို့ကို မီးရှို့ခဲ့တဲ့ စစ်​ကောင်စီစစ်ကြောင်းကို ကန်တော်ကျေးရွာအနီးမှာ People's knight Defense Force Myinmuနဲ့အတူ မဟာမိတ်အဖွဲ့တွေက တိုက်ခိုက်ခဲ့ရာ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ လက်နက်ကြီး (Jammer) တခု လုံးဝပျက်စီးသွားခဲ့တယ်လို့ သိရပါတယ်။

#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10