စစ်ကိုင်း-မြင်းမူ-မုံရွာလမ်းပိုင်းကို သတ်မှတ်ထားချိန်အတိုင်း သွားလာကြဖို့ PDF တွေ တောင်းဆို

စစ်ကိုင်း-မြင်းမူ-မုံရွာလမ်းပိုင်းကို သတ်မှတ်ထားချိန်အတိုင်း သွားလာကြဖို့ PDF တွေ တောင်းဆို

 

အခု(၂၀၂၃)ခုနှစ်မှာ တော်လှန်ရေးညီနောင်များက စစ်ရေးအရှိန်မြင့်ဆောင်ရွက်မှာ ဖြစ်တာကြောင့် စစ်ကိုင်း-မြင်းမူ-မုံရွာကားလမ်းပိုင်းကို အသုံးပြုသွားလာနေကြတဲ့ ဒေသခံပြည်သူတွေအနေနဲ့ သတ်မှတ်ထားချိန်အတိုင်း သွားလာကြဖို့ကို PDF တွေက တောင်းဆိုလိုက်ပါတယ်။

အဲဒီကားလမ်းကို ဒေသခံပြည်သူတွေအနေနဲ့ ည ၉ နာရီကနေ မနက် ၅ နာရီအချိန်အထိ လုံးဝမသွားကြဖို့၊ အရေးပေါ်ကိစ္စနဲ့ သွားရမယ်ဆိုပါကလည်း ကားအတွင်းမီး၊ အပြင်မီးတွေ ဖွင့်ပြီးမှသာ သွားလာပေးပါရန် မေတ္တာရပ်ခံအပ်တယ်လို့ People's knight Defen se Force Myinmu (PKDF-MMU)မှ ဗိုလ်အေးချမ်းက ပြောပါတယ်။

"စကစတွေရဲ့ကားတွေကို ကျနော်တို့က မိုင်းဆွဲတိုက်ခိုက်နေလို့ စကစတွေက အရပ်သားကားတွေကို အသုံးပြုသွားလာတာတွေ ရှိတယ်။ ဒီအချိန်မှာ ကျနော်တို့က ကားတွေကို ခွဲခြားဖို့ ခက်ခဲ့လာတယ်။ ဒါကြောင့် အခုလို စည်းကမ်းချက်ထုတ်ရတာဖြစ်ပါတယ်" လို့ဆိုပါတယ်။

ဒါ့အပြင် ကုန်ကားတွေအနေနဲ့ နေ့ခင်းအချိန်မှာ မိုးကာတွေ ဖွင့်မောင်းကြဖို့၊ ညမောင်းတဲ့အချိန်မှာလည်း မိုးကာတွေကို ဖွင့်ပြီး ကားခေါင်းထဲ မီးတွေကိုလည်း ဖွင့်မောင်းပေးကြဖို့ မေတ္တာရပ်ခံအပ်တယ်လို့ ဗိုလ်အေးချမ်းက ပြောပါတယ်။

"ဒေသခံပြည်သူလူထုတွေက လိုက်နာမှု အရမ်းအားနည်းတယ်ဗျ။ အဲဒါကြောင့် ကျနော်တို့တွေ တိမ်းရ၊ ရှောင်ရတဲ့အခါ ရဲဘော်တွေ ထိခိုက်မှုတွေ ရှိခဲ့တယ်ဗျ" လို့ဆိုပါတယ်။

ထို့အတူ အိမ်စီးကားတွေ၊ Express ကားတွေအနေနဲ့လည်း နေ့ခင်းအချိန်သွားလာကြရင် ဘေးမှန်တွေကို ဖွင့်မောင်းကြဖို့၊ ညအချိန်ဆိုရင်လည်း ကားအတွင်း မီးဖွင့်မောင်းပေးကြဖို့ကို ပြည်သူတွေက လိုက်နာပြီး တော်လှန်ရေးကို ကူညီပေးပါရန် မေတ္တာရပ်ခံအပ်ပါတယ်လို့ ဆိုပါတယ်။

ပုံစာ - စစ်ကိုင်း-မြင်းမူ-မုံရွာ လမ်းပိုင်းကို တွေ့ရစဉ်။

#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10