စစ်ကူပစ်ပေးတဲ့ စစ်ကောင်စီတပ်ကို PDF အဖွဲ့က တိုက်ခိုက်၊ စကစတပ်ဖွဲ့ အသေအဆုံးများဟုဆို (ရုပ်/သံ)

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ရေလယ်ကျွန်းရွာဘက်မှာရှိတဲ့ စစ်ကောင်စီစစ်ကြောင်းကို ပစ်ကူပေးနေတဲ့ လေးအိမ်တန်းရွာထဲက စစ်ကောင်စီတပ်တွေကို မေလ ၂၇ရက် နေ့လယ်ပိုင်းမှာ ရေစကြိုပ.က.ဖ အဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ရဲဘော်ဝေကြီးက ပြောပါတယ်။

ရေလယ်ကျွန်းကျေးရွာဘက်မှာ ဒေသခံကာကွယ်ရေးတပ်ဖွဲ့နဲ့ တိုက်ပွဲဖြစ်နေတဲ့ စစ်ကောင်စီစစ်ကြောင်းကို အင်အား ၃၀ ဝန်းကျင်ရှိတဲ့ လေးအိမ်တန်းရွာထဲက စစ်ကောင်စီတပ်က ပစ်ကူးပေးနေတာဖြစ်ပါတယ်။ အဲဒီလိုပစ်ကူပေးနေတဲ့အချိန်မှာ ရေစကြိုပြည်သူ့ကာကွယ်ရေးအဖွဲ့က သွားရောက်တိုက်ခိုက်ခဲ့တာလို့ သူက ဆိုပါတယ်။ 

"တိုက်ပွဲချိန်က နာရီဝက်လောက်ကြာတယ်၊ သူတို့က ချက်ခြင်းပြန်ဆုတ်သွားတာ၊ ကျနော်တို့လည်း လေးအိမ်တန်းရွာကို ရှင်းလင်းရေးလုပ်ပြီးပြန်လာခဲ့ကြတာ” လို့ ရဲဘော်ဝေကြီးက ဆက်ပြောပါတယ်။

မိနစ် ၃၀ ခန့်ကြာမြင့်ခဲ့တဲ့ လေးအိမ်တန်းရွာတိုက်ပွဲမှာ စစ်ကောင်စီဘက်က သေဆုံးသူတွေရှိပြီး သေဆုံးအလောင်းတွေကို ဖောကားနဲ့ ပခန်းငယ်ရဲစခန်းထဲကို သယ်ဆောင်သွားတယ်လို့ ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ရဲဘော်ဝေကြီးက ဆိုပါတယ်။  

 

တည်းဖြတ် - ငြိမ်းဇော်

#မြေလတ်အသံ#ရေစကြို#တိုက်ပွဲ#စစ်ကောင်စီ# PDF

 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10