စစ်ကူလာတဲ့ကားနဲ့ ကြေးနီသယ်တဲ့ကားတွေကို တော်လှန်ရေးတပ်ဖွဲ့တွေက မိုင်းဆွဲတိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့ကနေ စစ်ကူထွက်လာတဲ့ သံပြားကာစစ်ကား ၁ စီးနဲ့ ကြေးနီသယ်ဖို့ထွက်လာတဲ့ တွဲကား ၅ စီးကို မိုင်းဆွဲပြီး လက်နက်ငယ်တွေနဲ့ပါ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဘာမထီတော်လှန်ရေးတပ်ဖွဲ့ဆီက သိရပါတယ်။

ယမန်နေ့ မေ ၉ ရက် နေ့လယ် ၁၂ နာရီခန့်က စစ်ကူထွက်လာတဲ့ သံပြားကာကား ၁ စီးကို ‌ချောင်းဦးမြို့အဝင်မှာ ၁ ကြိမ်နဲ့ ညနေ ၆ နာရီခန့်မှာ ကြေးနီသယ်ဖို့သွားတဲ့ တွဲကားတွေကို ချောင်းဦးမြို့နယ်အပိုင် မုံရွာ-မန္တလေး လမ်းပိုင်းတနေရာမှာ မိုင်းဆွဲပြီးပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ ဘာမထီတော်လှန်ရေးတပ်ဖွဲ့ တာဝန်ခံက ပြောပါတယ်။

မိုင်းဆွဲခံရတဲ့ တွဲကားတွေကတော့ နမခ အထဲကိုမောင်းသွားပြီး ကြေနီးတွေသယ်ကာ စစ်ကိုင်းဘက်ကိုထွက်သွားသလို စစ်ကူထွက်လာတဲ့ကားကတော့ မြင်းခြံမြို့နယ်၊ ဆုံရွာဘက်ကို မောင်းသွားတယ်လို့ သူကဆက် ပြောပါတယ်။

ဒီတိုက်ခိုက်မှုကို ဘာမထီတော်လှန်ရေးတပ်ဖွဲ့၊ ဗမာအမျိုးသားတော်လှန်ရေးတပ်မတော်-BNRA၊ The Birghtness တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

စာတည်း - နွေဦးငြိမ်းချမ်း၊ တည်းဖြတ် - HP

#မြေလတ်အသံ

#ချောင်းဦး #စစ်ကား #ကြေးနီ #ယာဉ်တန်း #မိုင်းဆွဲတိုက်ခိုက် #စစ်ပွဲ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10