စစ်ကူလာတဲ့ တပ်မ ၁၀၁ စစ်ကြောင်း တိုက်ခိုက်ခံရလို့ ၃ ဦးသေပြီး သေနတ် ၂ လက် ဆုံးရှုံး (ရုပ်/သံ)

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ဇီးကုန်းရွာဘက်ကိုစစ်ကူလာတဲ့ ပခုက္ကူ တပ်မ ၁၀၁ က အင်အား ၇၀ ပါ စစ်ကြောင်းကို အောက်တိုဘာ ၁၁ ရက် ညနေ ၄ နာရီကျော်မှာ ဒေသခံကာကွယ်ရေးတပ်တွေက စောင့်ကြိုတိုက်ခိုက်ခဲ့တယ်ို့ Southern YSO PDF ဆီက သိရပါတယ်။ 

ဇီးကုန်းရွာဘက်ကို အင်အားဖြည့်ဖို့လာတဲ့ အဲ့ဒီခြေလျင်စစ်ကြောင်းကို ဒေသခံမဟာမိတ်တပ်ဖွဲ့တွေ ပူးပေါင်းကာ ရေစကြိုမြို့အဝင်မှာ တိုက်ခိုက်ခဲ့တာဖြစ်ပြီး နှစ်ဘက်ပစ်ခတ်မှု မိနစ် ၂၀ လောက် ဖြစ်ခဲ့တယ်လို့ Southern YSO PDF တာဝန်ခံ ဗိုလ်အောင်မောင်းက ပြောပါတယ်။ 

နှစ်ဘက်ပစ်ခတ်မှု မိနစ် ၂၀ ကြာမြင့်ခဲ့ပြီး စစ်ကောင်စီဘက်က ၃ ဦးသေဆုံး၊ ၅ ဦးဒဏ်ရာရကာ အလောင်းတွေကိုပြန်သယ်သွားပြီး ဒဏ်ရာရစစ်သားတွေကိုတော့ ပခုက္ကူဆေးရုံကို ပို့ဆောင်ထားတယ်လို့ သိရကြောင်း သူကဆက်ပြောပါတယ်။

ဒါ့အပြင် စစ်ကောင်စီဘက်က ကျန်ခဲ့တဲ့ G 3 သေနတ် ၁ လက်နဲ့ MA 1 ၁ လက်တို့ကို  PDF ပူးပေါင်းတပ်တွေဘက်က သိမ်းဆည်းရမိခဲ့ပါတယ်။

ဒီတိုက်ခိုက်မှုကို Southern YSO PDF ၊ BNRA(ဗမာအမျိုးသား တော်လှန်ရေးတပ်တော်)၊ ပြည်သူ့အားမာန် PDF ၊ King Cobra နဲ့ ညီနောင်မဟာမိတ်တို့က ပူးပေါင်းတိုက်ခိုက်ခဲ့တာပါ။

ဒီစစ်ကြောင်းဟာ အောက်တိုဘာ ၁၁ ရက်မနက်ပိုင်းက ရေစကြိုပကဖရဲ့ တိုက်ခိုက်တာကိုခံခဲ့ရတဲ့ ခလရ ၂၅၆ စစ်ကြောင်းဆီကို စစ်ကူလာချိန် ခုလိုတိုက်ခိုက်ခံရတာလည်း ဖြစ်ပါတယ်။ 

အောက်တိုဘာ ၁၃ ရက်ဒီမနက်ပိုင်းမှာလည်း ပခုက္ကူဘက်ကနေ ရေစကြိုမြို့ဘက်ကို စစ်ကောင်စီက အင်အား ၁၀၀ ခန့် ထပ်မံပို့ဆောင်ထားတယ်လို့ သိရပါတယ်။

တည်းဖြတ် - HP

#မြေလတ်အသံ

#မကွေး #ရေစကြို #တိုက်ပွဲ #တပ်မ၁၀၁ 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10