စစ်ကောင်စီကို လာဘ်ထိုးပြီး မူးယစ်ဆေးရောင်းသူများလာ

စစ်ကောင်စီကို လာဘ်ထိုးပြီး မူးယစ်ဆေးရောင်းသူများလာ

အာဏာသိမ်းပြီးနောက်ပိုင်း မန္တလေးမြို့ပေါ်မှာ စစ်ကောင်စီကို ဆပ်ကြေးပေးပြီး မူးယစ်ဆေးဝါး ရောင်းချမှု များလာနေတာကြောင့် လူငယ်တွေ ပျက်စီးလာနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မူးယစ်ဆေးဝါးရောင်းချနေတဲ့ နေရာတခုဖြစ်တဲ့ မန္တလေးမြို့၊ သမန်းကုန်းရပ်ကွက်၊ ၅၁×၁၂၄ လမ်းမှာရှိတဲ့ ခြံဝန်းကြီးတခုမှာ လူငယ်တွေအများဆုံး မူးယစ်ဆေးသုံးနေကြတယ်လို့ အမည်မဖော်လိုတဲ့ မြို့ခံတဦးက မြေလတ်အသံကို ပြောပါတယ်။

"NLD လက်ထက်တုန်းကဆိုရင် ဒီလိုတွေ ရောင်းချနေတာကိုသိရင် သွားတိုင်လို့ရတယ်။ အခုက သိပေမယ့် ဘယ်သူ့ကိုသွားတိုင်မလဲဆိုတာ တော်တော်လည်း အခက်အခဲဖြစ်နေတယ်။ ရဲနဲ့စကစတွေကို တိုင်မယ်ဆိုရင်လည်း သူတို့က ပိုက်ဆံယူထားတဲ့သူတွေဆိုတော့ တိုင်တဲ့လူတွေကပဲ ဖမ်းခံရမှာ။ ဒီတော့ လူငယ်တွေ ပျက်စီးလာနေတာကိုပဲ ထိုင်ကြည့်နေရတာပေါ့" လို့ ဆိုပါတယ်။

ဒီလိုရောင်းချနေတဲ့ ပိုင်ရှင်တွေကတော့ ကိုဖြူလေးနဲ့ ဒေါ်မမကြီး (မူးယစ်ဆေးသုံးစွဲသူတွေ ခေါ်တဲ့နာမည်) ဖြစ်ပြီး၊ သူတို့အနေနဲ့ ဒီလိုရောင်းချနိုင်ဖို့အတွက် သက်ဆိုင်ရာရဲစခန်းတွေကို အခွန်လစဉ်ဆောင်ပေးရတယ်လို့ ဆက်ပြောပါတယ်။

"ဆပ်ကြေးကတော့ တိုင်းရုံးကိုဆိုရင် သိန်း ၅၀၊ ခရိုင်ရုံး၊ မြို့နယ်ရုံးတို့ကျရင်တော့ သိန်း ၁၀၀ ပေးရတယ်။ ဒီဘိကိုလာရောက်သုံးစွဲကြတဲ့ လူငယ်၊ လူလတ်ပိုင်းအရွယ်တွေ တရက်တရက်မှာ တော်တော်လည်းများတယ်" လို့ ဆိုပါတယ်။

သမန်းကုန်းရပ်ကွက်၊ ၅၁×၁၂၄ လမ်းမှာရှိတဲ့ ခြံဝန်းကြီးထဲက မူးယစ်ဆေးရောင်းတဲ့နေရာမှာ ရတဲ့ဆေးတွေကတော့ Ketamine(K)၊ နံပါတ်ဖိုး၊ ရာမ တို့ဖြစ်တယ်လို့ သိရပါတယ်။ 

အလားတူ စစ်အာဏာသိမ်းပြီးနောက်ပိုင်း မန္တလေးမြို့ပေါ်မှာ မူးယစ်ဆေးဝါးအပြင် ဂျင်ဝိုင်း၊ ဖဲဝိုင်းစတဲ့ တရားမဝင် လောင်းကစားမျိုးစုံတွေကိုလည်း စစ်ကောင်စီနဲ့ ရဲတွေကို ဆပ်ကြေးပေးပြီး ဖွင့်လှစ်လုပ်စားနေကြတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10