စစ်ကောင်စီကို ဆက်ကြေးကောက်ပေးနေတဲ့ အမျိုးသားတဦး ရှင်းလင်းခံရ

စစ်ကောင်စီကို ဆက်ကြေးကောက်ပေးနေတဲ့ အမျိုးသားတဦး ရှင်းလင်းခံရ

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ နဘူးအိုင်ကျေးရွာ ဆိုင်းဘုတ်အနီးမှာ စစ်ကောင်စီအဖွဲ့ဝင်တွေနဲ့ ပျူစောထီးတွေအတွက် ဆက်ကြေးကောက်ပေးနေတဲ့ အမျိုးသားတဦးကို ရှင်းလင်းခဲ့တယ်လို့ မြင်းခြံမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ဆီက သိရပါတယ်။

စက်တင်ဘာ ၁၉ ရက် ဒီမနက် ၉ နာရီခွဲလောက်မှာ ညောင်ဝန်းကျေးရွာက ပျူစောထီးလို့ လူသိများသူ အသက် ၅၀ အရွယ် ဦးမောင်မောင်ကို ဆိုင်ကယ်နဲ့သွားနေချိန်လမ်းမှာ အနီးကပ်ပစ်ခတ် ရှင်းလင်းခဲ့တာလို့ ဆိုပါတယ်။ 

"သူကို အနီးကပ်ပဲ ၁၅ ချက်လောက် ပစ်ခတ်ရှင်းလင်းခဲ့တယ်။ နေရာမှာပဲ သေဆုံးသွားတယ်"လို့ မြင်းခြံမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။

သေနတ်နဲ့ပစ်ခတ်ခံရပြီး ဦးမောင်မောင်မှာ ဦးခေါင်းနဲ့ လက်မောင်းတွေ ကျည်ဖောက်ဝင်ပြီး နေရာတင် သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။ 

သေဆုံးသူဟာ ကုက္ကဲစခန်းမှူး သိန်းထိုက်နဲ့ ညောင်ဝန်းကျေးရွာ ပျူစောထီးခေါင်းဆောင် ဝင်းကြိုင်အတွက် ငွေရှာပေးနေသူဖြစ်ပြီး စစ်ကောင်စီစစ်ကြောင်းတွေလာရင်လည်း လိုက်ပါလမ်းပြပေးနေသူတဦး ဖြစ်တယ်လို့ ဆိုပါတယ်။

ပစ်ခတ်မှုအပြီး နာရီဝက်လောက်အကြာမှ စစ်ကောင်စီအဖွဲ့တွေ လာရောက်စစ်ဆေးခဲ့ပြီး အလောင်းကိုတော့ ဒေသခံလူမှုကူညီရေးအသင်းကားနဲ့သယ်ကာ မြင်းခြံခရိုင်ပြည်သူ့ဆေးရုံကို သယ်ဆောင်သွားတယ်လို့ သိရပါတယ်။

အလားတူ စက်တင်ဘာ ၅ ရက် ညနေ ၆ နာရီလောက်မှာလည်း မြင်းခြံမြို့နယ်၊ ပျားကျေးရွာ ထွေအုပ် ရပ်ကျေးစာရေး ဦးသန်းကြိုင် ၄၈ နှစ်ဟာ နေအိမ်မှာရှိနေချိန် လက်နက်ကိုင်အဖွဲ့တခုက ရောက်လာပြီး ဖမ်းခေါ်သွားကာ နွားထိုးကြီးမြို့နယ်၊ မင်းတဲကျေးရွာသွားလမ်းပေါ်မှာ ပစ်သတ်ထားခဲ့တယ်လို့ သိရပါတယ်။

စာတည်း - လင်း 

#မြေလတ်အသံ

#မန္တလေး #မြင်းခြံ #ပျူစောထီး #အမျိုးသား #ရှင်းလင်း #မြင်းခြံပကဖ #သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10