စစ်ကောင်စီက ကျပ် ၂ သောင်းတန်ကို အစိမ်းရောင်သုံးပြီး ထုတ်ဝေမည်

စစ်ကောင်စီက ကျပ် ၂ သောင်းတန်ကို အစိမ်းရောင်သုံးပြီး ထုတ်ဝေမည်

အာဏာသိမ်းစစ်ကောင်စီလက်အောက်ဗဟိုဘဏ်က ဇူလိုင်လ ၃၁ ရက်နေ့ကစတင်ကာ ကျပ် ၂ သောင်းတန်ငွေစက္ကူ ထုတ်ဝေမယ်လို့ ဇူလိုင် ၂၂ ရက် မနေ့ညပိုင်းက ထုတ်ပြန်လာပါတယ်။

စစ်ကောင်စီက ဆင်ဖြူတော်လို့သတ်မှတ်ကာ ခေါ်ယူထားတဲ့ ရခိုင်မြောက်ပိုင်းက ဆင်ပေါက် ၁ နှစ်ပြည့် အထိမ်းအမှတ်နဲ့ထုတ်ဝေတာဖြစ်ပြီး အကန့်အသတ်နဲ့ထုတ်ဝေမယ်လို့ ဆိုပါတယ်။

စစ်ကောင်စီထုတ်ဝေမယ့် ကျပ် ၂ သောင်းတန် ငွေစက္ကူမှာ အဲ့ဒီဆင်ဖြူပုံထည့်သွင်းထားပြီး ငွေစက္ကူအရောင်ကို အစိမ်းနုရောင်နဲ့ထုတ်ဝေမယ်လို့လည်း ဖော်ပြပါတယ်။

စစ်အာဏာသိမ်းပြီးနောက် အခြေခံစားကုန်တွေအပါအဝင် ကုန်ဈေးနှုန်းအဆမတန်မြင့်မားနေပြီး၊ ငွေကြေးဖောင်းပွမှုတွေကြောင့် မြန်မာကျပ်ငွေတန်ဖိုး သိသာစွာကျဆင်းနေချိန်မှာ စစ်ကောင်စီက အခုလို ၂ သောင်းကျပ်တန် ငွေစက္ကူကို ထုတ်ဝေလာတာ ဖြစ်ပါတယ်။

#မြေလတ်အသံ

#၂သောင်းကျပ်တန် #ငွေစက္ကူ #အသစ်ထုတ်ဝေ #စစ်ကောင်စီ #ဗဟိုဘဏ် #ငွေကြေးဖောင်းပွမှု #ကုန်ဈေးနှုန်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10