သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ အလုံမင်းဒေါင့်ဆိပ်ကမ်းကနေ ကြေးနီတင်လာတဲ့ ဖလက် ၃ စီးနဲ့ သစ်တွေတင်လာတဲ့ ဖလက် ၄ စီးကို ချင်းတွင်းမြစ်ကြောင်းအတွင်းမှာ ကာကွယ်ရေးအဖွဲ့တွေက မိုင်းဆွဲပစ်ခတ်မှုတွေလုပ်နေတာကြောင့် စစ်ကောင်စီက ဝေဟင်ကနေ ကင်းထောက်ပေးနေရတယ်လို့ Chindwin Dynamice (Salingyi) ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဆီက သိရပါတယ်။
ဇူလိုင် ၃ ရက် မနက် ၆ နာရီ ၅၀ မိနစ်က အလုံမင်းဒေါင့်ဆိပ်ကမ်းက ထွက်လာတဲ့ စစ်သင်္ဘော ၃ စီးနဲ့အတူ ကြေးနီတင်လာတဲ့ ဖလက် ၃ စီး၊ သစ်တွေတင်လာတဲ့ ဖလက် ၄ စီးကို ချင်းတွင်းမြစ်ကြောင်းအတွင်းမှာ စစ်ကောင်စီဘက်က Mi 35 နဲ့ ကင်းထောက်ပေးတာလို့ ဆိုပါတယ်။
Chindwin Dynamice (Salingyi) ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ရဲဘော်တွေဟာ စစ်ကောင်စီရဲ့ စစ်သင်္ဘော ၃ စီး၊ ကြေးနီတင်လာတဲ့ ဖလက် ၃ စီး၊ သစ်တွေတင်လာတဲ့ ဖလက် ၄ စီးကို ရှေ့ထွက်မိုင်း ဂန်းငယ်တွေနဲ့ပစ်ဖို့ ကြိုးစားပေမယ့် စစ်ကောင်စီဘက်က လေယာဉ်ဝဲနေတာကြောင့် ဘာမှ မလုပ်ခဲ့ရဘူးလို့ ဆိုပါတယ်။
တည်းဖြတ် - ငြိမ်းဇော်
#မြေလတ်အသံ
#မုံရွာ #ချင်းတွင်းမြစ်ကြောင်း #စစ်သင်္ဘော #Mi35 #ကင်းထောက်
Share Share Share