စစ်ကောင်စီက လက်နက်ပေးထားတဲ့ ပျူစောထီးဆိုသူ ၂ ဦးပစ်ခတ်ခံရလို့ သေဆုံး

စစ်ကောင်စီက လက်နက်ပေးထားတဲ့ ပျူစောထီးဆိုသူ ၂ ဦးပစ်ခတ်ခံရလို့ သေဆုံး

မန္တလေးတိုင်းဒေသကြီး၊ နွားထိုးကြီးမြို့နယ်၊ မကျည်းကန်ကျေးရွာအနီး နွားထိုးကြီး-မလှိုင်သွား ကားလမ်းဘေးမှာ စစ်ကောင်စီက လက်နက်ပေးထားတဲ့ ပျူစောထီးဆိုသူ ၂ ဦးပစ်ခတ်ခံရလို့ သေဆုံးသွားတယ်လို့ ဒေသကာကွယ်ရေးအဖွဲ့ဝင်တွေထံက သိရပါတယ်။

ဇွန်လ ၁၆ ရက် နေ့လည် ၁ နာရီခန့်မှာ သုံးတောင်ကျေးရွာမှမကျီးကန်ကျေးရွာကို ထော်လာဂျီနဲ့သွားတဲ့ ပျူစောထီးဆိုသူ ဦးဌေးလှိုင် ၅၅ နှစ်၊ ဦးမောင်ညို ၆၉ နှစ်တို့ကို ပစ်ခတ်ရှင်းလင်းခဲ့တာလို့ ဆိုပါတယ်။

"သူတို့သွားမယ်ဆိုတာ သတင်းရလို့ လမ်းကနေ စောင့်ပြီး ရှင်းလိုက်တာ။ သူတို့လာတာ ​ထော်လာဂျီတွေနဲ့ကော ဆိုင်ကယ်တွေနဲ့ကောဘဲ အမျိုးသမီးတွေလဲပါတယ်။ ကျန်သူတွေကို ပြန်လွှတ်ပြီး သူတို့ နှစ်ယောက်ကိုဘဲ ရှင်းလိုက်တာ" လို့ ဒေသကာကွယ်ရေး အဖွဲ့ဝင်တဦးက ပြောပါတယ်။

အဲဒီ ၂ ဦးကို ဦးခေါင်းကိုဘဲ ရွေးပြီးပစ်ခတ်ခဲ့လို့ နေရာမှာဘဲ သေဆုံးသွားတယ်လို့ ဆိုပါတယ်။

ရှင်းလင်းပြီးချိန်မှာ စစ်ကောင်စီဘက်က ထုတ်ပေးထားတဲ့ ပွိုင့်တူတူး လက်လုပ်​သေနတ်တလက်၊ မိတ္ထီလာအခြေစိုက် တပ်မ ၉၉ ဌာနချုပ်က သေနတ်ထုတ်ပေးထားကြောင်း စာရွက်စာတမ်းတခု သိမ် းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။

သေဆုံးသူ ၂ ဦးဟာ သုံးတောင်ကျေးရွာက ဖြစ်ပြီး လက်နက်ရှိ ပျူတွေဖြစ်တာကြောင့် ကျေးရွာအတွင်း လျှပ်စစ်မီးကိစ္စ၊ စိုက်ဘဏ်ချေးငွေ ကိစ္စတွေမှာ ပြည်သူတွေကို ဖိအားပေးတာနဲ့ PDF တွေကို ရွာသားတွေဘက်က မထောက်ပံနိုင်၊ မကူညီနိုငိအောင် လုပ်ဆောင်နေသူတွေဖြစ်တယ်လို့ ဆိုပါတယ်။

ရှင်းလင်းခံရတဲ့ ၂ ဦးရဲ့ ပျူစောထီးနဲ့ပတ်သက်ပြီး သီးခြားအချက်အလက်များကို မြေလတ်အသံအနေနဲ့ အတည်ပြုနိုင်ခြင်းမရှိသေးပါဘူး။

ဖေဖော်ဝါရီ ၁၇ ရက်က နွားထိုးကြီးမြို့နယ်၊ ထန်းဇင်ရွာအနီး အင်အား ၃၀ ခန့်ရှိ စစ်ကောင်စီတပ်စခန်းကို  PDF တွေဘက်က ဒရုန်းနဲ့ ဗုံးသီး ၂ လုံးချတိုက်ခိုက်ခဲ့ရာ  ၃ ဦးသေ၊ ၄ ဦး ဒဏ်ရာရရှိခဲ့သေးတယ်လို့ သိရပါတယ်။

 

စာတည်း-နွေဦးငြိမ်းချမ်း

 #မြေလတ်အသံ

#မန္တလေးတိုင်း #နွားထိုးကြီးမြို့ #ပျူစောထီး #PDF

 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10