စစ်ကောင်စီက လုံခြုံရေးယူပြီး တံတားပြင်နေတဲ့အဖွဲ့ ဒရုန်းနဲ့တိုက်ခိုက်ခံရ

စစ်ကောင်စီက လုံခြုံရေးယူပြီး တံတားပြင်နေတဲ့အဖွဲ့ ဒရုန်းနဲ့တိုက်ခိုက်ခံရ

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ်၊ အင်ဝိုင်းကျေးရွာအနီးရှိ ညောင်လေးပင်-မဒေါက်သွားလမ်းက ရေကြည်ချောင်းတံတား ပြုပြင်နေတဲ့ စစ်ကောင်စီအဖွဲ့ ဒရုန်းနဲ့ တိုက်ခိုက်ခံရလို့ ၃ ဦးဒဏ်ရာရတယ်လို့ သိရပါတယ်။

မေလ ၁၅ ရက် နေ့လည် ၁ နာရီခန့်မှာ စစ်ကောင်စီက လုံခြုံရေး ယူပေးပြီး တံတားပြင်နေတဲ့ အဖွဲ့ကို PDF က ဒရုန်းနဲ့ ဗုံးချတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ဒေသခံတဦးက ပြောပါတယ်။

"ဒရုန်းဗုံးကျလို့ ထိခိုက်ဒဏ်ရာရသူတွေရှိတာက ဟုတ်ပါတယ်။ ဗုံးကျတလုံးပဲကျတာ။ လုံခြုံရေး ယူထားတဲ့ စကစ အဖွဲ့ဝင်ရော တံတားလုပ်သားတွေရော ထိခိုက်သွားတာဟုတ်တယ်။ ဒရုန်းဗုံးကျပြီးနောက်တော့ တံတားပြင်နေတဲ့အဖွဲ့တွေက ဆက်မလုပ်တော့ဘဲ နားထားတယ်လို့တော့ သိရတယ်"လို့ ပြောပါတယ်။

ဒရုန်းဗုံးကျလို့ ဦးမျိုးအောင် ၄၃ နှစ် အင်ဝိုင်းကျေးရွာနေသူ၊ ဦးကျော်စိုးမိုး ၅၄ နှစ် သောင်ကြီးကျေးရွာနေသူ အပါအဝင် ၃ ဦး မစိုးရိမ်ရထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

ထိခိုက်ဒဏ်ရာရသွားသူတွေကိုတော့ စစ်ကောင်စီအဖွဲ့က ညောင်လေးပင်ပြည်သူ့ဆေးရုံကို တင်ပို့ထားတယ်လို့ သိရပါတယ်။

အဲ့ဒီ တံတားဟာ မေလ ၁ ရက်မှာ လက်နက်ကိုင်အဖွဲ့တစ်ခုက မိုင်းထောင်ဖောက်ခွဲခဲ့လို့ အလျားပေ ၆၀ လောက် ပြိုကျပျက်စီးသွားပြီး လမ်းသွားလမ်းလာတွေ အသုံးပြုလို့ မရတော့တာပါ။

ဒါ့အပြင် ​​ရေကြည်ချောင်းတံတားဟာ အလျားပေ ၁၂၀ ကျော်၊ အကျယ်ပေ ၂၄ ပေခန့်ရှိ သံကူကွန်ကရစ် တံတားအမျိုးအစားဖြစ်ကာ ပဲခူးရိုးမဘက်ကို စစ်ကောင်စီဘက်က စစ်ကြောင်းထိုးတဲ့အခါ သုံးသလို ဒေသခံတွေလည်း အသုံးပြုတဲ့ တံတားဖြစ်တယ်လို့ သိရပါတယ်။

#မြေလတ်အသံ
#ညောင်လေးပင် #မိုင်းခွဲ #ရေကြည်ချောင်းတံတား

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10