စစ်ကောင်စီခန့် အုပ်ကြီးလင်မယားကို စစ်ကောင်စီတပ်သားတွေ ပြန်ဖမ်း

စစ်ကောင်စီခန့် အုပ်ကြီးလင်မယားကို စစ်ကောင်စီတပ်သားတွေ ပြန်ဖမ်း

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့အထွက် ရထားလမ်းအကျော်နဲ့ ဌက်ပျောတော စစ်ကောင်စီစစ်ဆေးရေးဂိတ်ကြားမှာ စစ်ကောင်စီခန့် အုပ်ကြီးလင်မယားကို စစ်ကောင်စီတပ်သားတွေ ပြန်ဖမ်းသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဇူလိုင်လ ၁၁ ရက် နေ့လယ် ၁၂ နာရီလောက်မှာ ညောင်လေးပင်မြိုကနေ ပြန်လာတဲ့ ရွှေကျင်မြို့နယ်၊ ပျဥ်ရေအရှေ့ဘက်ကမ်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးတင်ထွန်း ၅၅ နှစ်ခန့်နဲ့ ဇနီးဖြစ်သူ ‌ဒေါ်လုံး ၅၀ နှစ်ကျော်ကို စစ်ကောင်စီတပ်သားတွေက ဖမ်းသွားတယ်လို့ ဆိုပါတယ်။

"အုပ်ကြီးက သူမိန်းမနေမကောင်းလို့ ညောင်လေးပင်မှာ ဆေးခန်းပြပြီး ဆိုင်ကယ်နဲ့ပြန်လာကြတာ။ ရထားလမ်းအကျော်နားက ရွှေညောင်ပင် ကွမ်းယာဆိုင်နားမှာ ဖမ်းသွားတာ။ စကစ တပ်သားတွေက မြို့အထွက်မှာ  စောင့်ဖမ်းသွားတဲ့ သဘောရှိမယ်"လို့ ဒေသခံတဦးက ပြောပါတယ်။

ဦးတင်ထွန်းဟာ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးတဦးဖြစ်ပြီး သူတာဝန်ယူထားရတဲ့ ပျဥ်ရေ အရှေ့ဘက်ကမ်းရွာက KNU နဲ့ PDF တွေရဲ့ စိုးမိုးနယ်မြေဖြစ်လို့ စစ်ကောင်စီနဲ့ကော KNU၊ PDF တွေနဲ့ပါ ထိတွေ့နေထိုင်ရသူဖြစ်တယ်လို့ သိရပါတယ်။

စစ်ကောင်စီဘက်ကတော့ ဦးတင်ထွန်းဟာ PDF တွေနဲ့ ဆက်သွယ်ပြီး PDF တွေခိုင်းတာလုပ်ပေးနေသူလို့ဆိုကာ ဖမ်းဆီးသွားတာဖြစ်နိုင်တယ်လို့ ဆိုပါတယ်။

လက်ရှိမှာတော့ အုပ်ချုပ်ရေးမှူး ဦးတင်ထွန်းကို ခမရ ၂၀ ထဲမှာ ဖမ်းဆီးထားပြီး ဇနီးဖြစ်သူ ဒေါ်လုံးကိုတော့ ညောင်လေးပင်ရဲစခန်းမှာ ဖမ်းဆီးထားပါတယ်။

ညောင်လေးပင်မြို့နယ်ထဲမှာတော့ စစ်ကောင်စီတပ်က သူတို့ခန့်ထားတဲ့ အုပ်ချုပ်ရေးမှူးကို ပြန်လည်ဖမ်းဆီးတာ ပထမဆုံးအကြိမ်ဖြစ်တယ်လို့လည်း သိရပါတယ်။

စာတည်း - နွေဦးငြိမ်းချမ်း

#မြေလတ်အသံ

#ပဲခူးတိုင်း #ညောင်လေးပင် #အုပ်ချုပ်ရေး #စစ်‌ကောင်စီ #ဖမ်းဆီး #ရွှေကျင်

 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10