စစ်ကောင်စီ ခြေလျင်စစ်ကြောင်း တရက်တည်း အကြိမ်ကြိမ်မိုင်းဆွဲခံရလို့ ၇ ဦးသေဆုံးပြီး ၁၃ ဦးဒဏ်ရာရ (ရုပ်/သံ)

မကွေးတိုင်း၊ ပေါက်မြို့ကနေ ပခုက္ကူဘက်ကိုထွက်မယ့် စစ်ကောင်စီယာဉ်တန်း ၄၈ စီးရဲ့ ရှေ့ပြေးပွိုင့် အင်အား ၈၀ ဝန်းကျင်ပါ ခြေလျင်စစ်ကြောင်း အကြိမ်ကြိမ်မိုင်းဆွဲတိုက်ခိုက်ခံရလို့ စစ်သား ၇ ဦးသေဆုံးပြီး ၁၃ ဦးဒဏ်ရာရခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ မြိုင်မြို့နယ် ပကဖ တာဝန်ခံ ဗိုလ်လက်ယာက ပြောပါတယ်။

ဩဂုတ် ၁၄ ရက် မနက်ပိုင်း ၈ နာရီ ၂၂ မိနစ်လောက်က ပေါက်မြို့အထွက်မှာ တကြိမ်၊ မနက် ၉ နာရီလောက်မှာ ပဒေသာမိုင်းတကြိမ် ၊ နေ့လယ် ၁၂ နာရီ မိနစ် ၄၀ မှာ တမာခြောက်လမ်းမှာ မိုင်းတကြိမ်၊ နေ့လယ် ၁ နာရီ ၄၀ မိနစ်မှာ ပဒေသာမိုင်းတကြိမ်၊ နေ့လယ် ၂ နာရီ ၄၀ မိနစ်မှာ မိုင်းတကြိမ်မိုင်းဆွဲခဲ့ပြီး နေ့လယ် ၂ နာရီ ၅၀ မိနစ်မှာ လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

"စစ်ခွေးယာဉ်တန်း ၄၈ စီးမထွက်ခင်မှာ ရှေ့ပြေးပွိုင့် အင်အား ၈၀ လောက်နဲ့ ထွက်လာတာမှာ ပေါက်မြို့အထွက်မှာ တိုက်မိုင်းထိပြီး ခွေး ၂ ကောင်သေပြီး ၁ ကောင်ထိခိုက်ဒဏ်ရာရတယ်။ အတွင်းသတင်းပေး ပြောချက်အရ အားလုံးပေါင်း ဒီတိုက်ခိုက်မှုမှာ ၇ ကောင်အထက်သေပြီး ၁၃ ကောင်ဒဏ်ရာရတယ်။ ဒီကောင်တွေက အိမ်တွင်းမှုကျောင်းထဲကနေ လက်နက်ကြီးနဲ့ ၃ ချက်ပစ်တယ်၊ ကုန်းတော၊ တောင်စု မြောက်စုတွေဘက်ကို ကျတယ်၊ ပြည်သူတွေကော ရဲဘော်တွေကော အထိအခိုက်ဒဏ်ရာမရှိဘူး" လို့ ဗိုလ်လက်ယာက ပြောပါတယ်။

အဲ့ဒီစစ်ကြောင်းဟာ ဩဂုတ် ၅ ရက်က ကျောက်ထုကနေ ထွက်လာတာဖြစ်ပြီး ပခုက္ကူ တပ်မ ၁၀၁ အထဲကိုသွားမှာဖြစ်တယ်လို့လည်း ဆိုပါတယ်။

ဒီတိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ မြိုင်မြို့နယ် ပကဖ၊ မြိုင် ပကဖ တပ်ရင်း ၃ တပ်ခွဲ ၅၊ ပေါက် ပကဖနှင့် ပေါက်ကျေးရွာကာကွယ်ရေးအဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ 

ပြီးခဲ့တဲ့ ဩဂုတ် ၂ ရက်ကနေ ၈ ရက်အထိမှာလည်း မြိုင်မြို့နယ် ကန်နီရွာမှာ တပ်စွဲနေတဲ့ စစ်အုပ်စုကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ မြိုင်မြို့နယ် ပကဖ အဖွဲ့က ဒရုန်းနဲ့ဗုံးကြဲချပြီး လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်ခဲ့ရာ စစ်သား ၇ ဦးဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

တည်းဖြတ် - ငြိမ်းဇော်

#မြေလတ်အသံ

#မကွေး #ပေါက် #စစ်ကောင်စီ #ခြေလျင်စစ်ကြောင်း #မိုင်းစွဲခံရ #စစ်သား #PDF #ရုပ်သံသတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10