စစ်ကောင်စီ ခြေလျင်စစ်ကြောင်း မိုင်းထိလို့ ၁ ဦးသေ၊ ၁ ဦးဒဏ်ရာရဟု ဆို

စစ်ကောင်စီ ခြေလျင်စစ်ကြောင်း မိုင်းထိလို့ ၁ ဦးသေ၊ ၁ ဦးဒဏ်ရာရဟု ဆို

စစ်ကိုင်းတိုင်းဒေသကြီး၊ ဘုတလင်မြို့နယ်၊ မြောက်တောကြီးရွာနားမှာ စစ်ကောင်စီခြေလျင်စစ်ကြောင်း မိုင်းထိလို့ ၁ ဦးသေ၊ ၁ ဦးဒဏ်ရာရသွားတယ်လို့ မုံရွာခရိုင်ပြည်သူကာကွယ်ရေးတပ်မတော် (Chindwin Attack Force ) ဆီက သိရပါတယ်။

ဇူလိုင်လ ၆ ရက် မနက် ၅ နာရီခန့်မှာ ကူတော်ရဲစခန်းကနေ ဘုတလင်မြို့ဘက်ကို အင်အား ၅၀ လောက်နဲ့လာတဲ့ စစ်ကောင်စီတပ်ကို မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

"သူတို့လာနိုင်တဲ့ လမ်းကြောင်းမှာ မိုင်း ၅ လုံးတန်း ၂ ကွင်းဆင်ထားတာ။ မိုင်းကွင်းထဲကို ဝင်လာတာနဲ့ ဆွဲချလိုက်တာ။ မျက်မြင် ၂ ဦးတော့ လဲကျသွားတယ်။ သူတို့ထိသွားတဲ့လူတွေကိုတော့ ပြန်သယ်သွားပြီး မြို့ထဲဘက်ဆက်ဝင်သွားတယ်" လို့ မုံရွာခရိုင်ပြည်သူကာကွယ်ရေးတပ်မတော် (Chindwin Attack Force) တာဝန်ရှိသူက ပြောပါတယ်။

ထပ်မံစုံစမ်းသိရှိချက်အရ မိုင်းထိပြီး ဒဏ်ရာရသွားတဲ့ စစ်ကောင်စီတပ်သား ၂ ဦးအနက် ၁ ဦးကတော့ ညနေပိုင်းမှ ဆေးရုံမှာသေဆုံးသွားတယ်လို့ ဆိုပါတယ်။

မိုင်းဆွဲခံရလို့ စစ်ကောင်စီဘက်က အနီးဝန်းကျင်ကို လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ရမ်းသမ်းပစ်တာတွေရှိပေမယ့် ကာကွယ်ရေးအဖွဲ့တွေဘက်က ထိခိုက်တာမရှိဘူးလို့ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုကိုတော့ မုံရွာခရိုင်ပြည်သူကာကွယ်ရေးတပ်မတော် (Chindwin Attack Force) တပ်ရင်း ၂၊ ၃၊ ၄ နဲ့ မုံရွာခရိုင် တပ်ရင်း ၁၃ မှ ရဲဘော်တွေက ပူးပေါင်းလုပ်ဆောင်ခဲ့တာပါ။

မေလ ၂၉ ရက်ကလည်း ဘုတလင်မြို့နယ်၊ မြောက်တောကြီးရွာနားမှာ ဘုတင်ကနေ ထွက်လာတဲ့ စစ်ကောင်စီနဲ့ ပျူအင်အား ၄၅ ဦးပါ ခြေလျင်စစ်ကြောင်း မိုင်းဆွဲခံရလို့ ၂ ဦးထက်မနည်း ထိခိုက်သေဆုံးခဲ့သေးတယ်လို့ သိရပါတယ်။

စာတည်း - နွေဦးငြိမ်းချမ်း

#မြေလတ်အသံ

#စစ်ကိုင်းတိုင်း #ဘုတလင် #စစ်ကောင်စီ #မိုင်းထိ

 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10