စစ်ကောင်စီခြေလျင်စစ်ကြောင်း မိုင်း ၁၁ လုံးဆွဲခံရလို့ သေဆုံးမှုများဟုဆို

စစ်ကောင်စီခြေလျင်စစ်ကြောင်း မိုင်း ၁၁ လုံးဆွဲခံရလို့ သေဆုံးမှုများဟုဆို

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်၊ ဖတ်တောရေကျေးရွာအနီးမှာ စစ်ကောင်စီခြေလျင်စစ်ကြောင်း မိုင်း ၁၁ လုံးဆွဲ တိုက်ခိုက်ခံရလို့ ထိခိုက်သေဆုံးမှုတွေ များနိုင်တယ်လို့ နတ်မောက် ဂဠုန် PDF တပ်ဖွဲ့ထံက သိရပါ တယ်။

ဩဂုတ် ၁၀ ရက် မနက် ၇ နာရီခွဲခန့်မှာ အင်အား ၃၀ ကျော်နဲ့ အိုင်းမရွာဘက်နေ ဖတ်တောရေကျေးရွာဘက်ကိုလာချိန် ကြိုတင်ထောင်ထားတဲ့ မိုင်းကွင်းထဲ ဝင်လာတာကြောင့် မိုင်းဆွဲတိုက်ခိုက်ရာမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၅ ဦးသေဆုံးခဲ့တယ်လို့ တယ်လို့ နတ်မောက်ဂဠုန် PDF တာဝန်ခံ ဗိုလ်အောင်ဒင်က ဆိုပါတယ်။ 

"ရွာတောင်ပိုင်း ကားလမ်းဘေး လမ်းဆုံနားမှာ သူတို့လာရင် ရှောင်မလွတ်အောင် မိုင်းကွင်းဆင်ထားတာ။ သူတို့လာတာကိုလည်းမြင်ရော သေချာမိုင်းဆွဲတိုက်ခိုက်ခဲ့တာ၊ မျက်မြင်မှာကို တော်တော်များများ လဲကျသွားတာ တွေ့လိုက်ရတယ်။ ထိခိုက်သေဆုံးက တော်တော်များတယ်"လို့ နတ်မောက် ဂဠုန် PDF တာဝန်ခံ ဗိုလ်အောင်ဒင်က ပြောပါတယ်။

တိုက်ခိုက်ခဲ့တဲ့ မိုင်း ၁၁ လုံးမှာ ရှေ့ထွက်မိုင်း ၄ လုံး၊ ဖျက်အားပြင်း မိုင်း ၇ လုံးပါဝင်ပြီး မိုင်းပေါက်ကွဲပြီးတဲ့နောက် စစ်ကြောင်းပြန်ထွက်တဲ့အခါမှာ အင်အား ၁၈ ဦးခန့်သာထွက်လာတာတွေ့ရတယ်လို့ ဆိုပါတယ်။ 

“မိုင်းဆွဲခံရပြီး ရွာဘက်ပြန်ထွက်သွားတဲ့ စစ်သားက ၃၅ ယောက်ကနေ ၁၅ ယောက်လောက်ပဲ ပြန်ဆင်းလာတယ်” လို့ ဒေသခံတွေရဲ့ ပြောကြားချက်ကို ကိုးကားပြီး ဗိုလ်အောင်ဒင်က ဆိုပါတယ်။ 

မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီဘက်က ပတ်ဝန်းကျင်ကို သေနတ်တွေနဲ့ ရမ်းသမ်းပစ်ခတ်တာရှိသလို စစ်ကူအင်အားတွေလည်း ဖတ်တောရေကျေးရွာဘက်ကို လာနေတယ်လို့ သိရပါတယ်။

စစ်ကူလာတဲ့ စစ်ကောင်စီ စစ်ကြောင်းဟာ မနက် ၉ နာရီခန့်မှာ မိုင်းဆွဲခံရတဲ့ နေရာကိုရောက်လာပြီး သေဆုံး ဒဏ်ရာရသူတွေကို သယ်ဆောင်နေသလို ဖတ်တောရေကျေးရွာနဲ့အနီးတဝိုက်ကို တောနင်းနေတာကြောင့် နောက်ဆက်တွဲအခြေနေကိုတော့ မသိရသေးဘူးလို့ ဆိုပါတယ်။

မေလ ၂၀ ရက် မနက်ပိုင်းက နတ်မောက်မြို့နယ်၊ မြင်းတဲကြီးကျေးရွာနားမှာ PDF ၁ ဦးကို ဝင်ဖမ်းတဲ့ စစ်ကောင်စီအဖွဲ့ မိုင်းခွဲခံရလို့ ၄ ဦးသေဆုံးသွားတယ်လို့ သိရပါတယ်။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#မကွေးတိုင်း #နတ်မောက် #ဖတ်တောရေကျေးရွာ #စစ်ကောင်စီ #နတ်မောက်ဂဠုန် #PDF #ဗိုလ်အောင်ဒင် #သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10