စစ်ကောင်စီဂိတ် မြေပြင်နဲ့ဝေဟင်ပေါင်းတိုက်ခံရလို့ ၁၁ ဦးသေဆုံးဟုဆို (ရုပ်/သံ)

မန္တလေးတိုင်းဒေသကြီး၊ တောင်သာမြိုအဝင် တောင်သာ-နွားထိုးကြီးလမ်းပိုင်းပေါ်က အင်အား ၃၀ လောက်ရှိနေတဲ့ စစ်ကောင်စီစစ်ဆေးရေးဂိတ်ကို မြေပြင်ရော ဝေဟင်ပါ တိုက်ခိုက်ခံရလို့ ၁၁ ဦးသေဆုံးသွားတယ်လို့ သိရပါတယ်။

ဧပြီလ ၁၁ ရက် ညနေ ၅ နာရီခန့်မှာ မကျီးရိုးစစ်ဆေးရေးဂိတ်ကို ဝေဟင်ကနေ ဒရုန်းနဲ့ဗုံးတွေ ချတိုက်ခိုက်ခဲ့သလို မြေပြင်ကနေ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ နာရီဝက် နီးပါးတိုက်ခိုက်ခဲ့တယ်လို့ Myingyan District Drone strike အဖွဲ့တာဝန်ရှိသူက ပြောပါတယ်။


"မြေပြင်ဝေဟင်တိုက်တော့ သူတို့စီးတဲ့ကားတွေအပေါ် ဒရုန်းဗုံးတွေကျလို့ ကားမီးလောင်တာတွေရှိခဲ့တယ်။ မြေပြင်ကနေဆို အာပီဂျီ၊ ၄၀ မမတွေနဲ့ တော်တော်လေးဖိအားပေးတိုက်ခိုက်နိုင်ခဲ့တယ်။ စခန်းသိမ်းဖို့ကျတော့ တောင်သာမြို့နဲ့ မီတာ ၈၀၀ လောက်ပဲကွာတော့ စစ်ကူတွေ ချက်ချင်းရောက်လာလို့ မသိမ်းနိုင်ခဲ့ဘူး" လို့ ပြောပါတယ်။

ဝေဟင်​မြေပြင်တိုက်ခိုက်ခံရလို့ မကျီးရိုးဂိတ်က စစ်ကောင်စီတပ်ဖွဲ့ဝင် ၆ ဦးနေရာမှာသေဆုံးပြီး ဒဏ်ရာရသူတွေကို ဆေးရုံပို့ချိန် နောက်ထပ် ၅ ဦး သေဆုံးသွားတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီစစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရပြီးချိန်မှာ စစ်ကူရောက်လာတဲ့ အဖွဲ့တွေက လမ်းသွားလမ်းလာတွေကို စစ်ဆေးပြီးနောက် အမျိုးသား ၄ ဦးကို ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုကိုတော့ Myingyan District Drone strike အဖွဲ့၊ မြင်းခြံခရိုင် တပ်ရင်း ၁၊ ၃၊ ၄ တို့က ပူးပေါင်းတိုက်ခိုက်ခဲ့တာပါ။

မတ်လ ၂၄ ရက်နေ့ညနေ ၃ နာရီခွဲခန့်မှာ တောင်သာမြို့ဝင် တောင်သာမြောက်ရဲစခန်းအနီးရှိ အင်အား ၇၀ ခန့်ရှိတဲ့ စစ်ဆေးရေးဂိတ်ကို ဒရုန်းနဲ့ဗုံး ၁ လုံးချတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၃ ဦး ထိခိုက်ခဲ့သေးတယ်လို့ သိရပါတယ်။

တည်းဖြတ် - ငြိမ်းဇော်
#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10