စစ်ကောင်စီဂိတ် အလစ်အငိုက် ပစ်ခံရလို့ စစ်သား ၅ ဦးထိခိုက်ဒဏ်ရာရ (ရုပ်/သံ)

မကွေးတိုင်း၊ မြိုင်မြို့၊ စီမံကိန်းရုံးအရှေဘက်ဂိတ်မှာ စစ်ကောင်စီတပ်စွဲထားတဲ့ သရက်ဂွ ကန်နီရွာက ပျူစောထီးနဲ့ တပ်မ ၁၀၁ က စစ်သားတွေကို မေလ ၂၉ ရက် မနေ့က ညနေ ၆ နာရီခွဲကနေ ၇ နာရီခွဲအထိ လက်နက်ကြီးတွေနဲ့ အလစ်အငိုက် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Pakokku Underground Force အဖွဲ့ဆီက သိရပါတယ်။

ကာကွယ်ရေးအဖွဲ့တွေ စုပေါင်းကာ ၆၀ မမ၊ ၉၀ မမ၊ ၁၂၀ မမ စတဲ့လက်နက်ကြီးတွေအပါအဝင် ရှော့တိုက်ဒုံးတွေ စိန်ပြောင်းတွေနဲ့ပါ အဲ့ဒီဂိတ်ကို အချက်‌ရေ ၅၀ ကျော်ပစ်ခတ်နိုင်ခဲ့ပြီး  အတွင်းသတင်း‌ပေးချက်အရ စစ်ကောင်စီဘက်က ၅ ယောက် ထိခိုက်ဒဏ်ရာရရှိပြီး သေဆုံးမှုတော့ မသိရသေးဘူးလို့ Pakokku Underground Force တာဝန်ခံက ပြောပါတယ်။

"ဒီကောင်တွေကို ချောင်းနေတာကအတော်ကြာပြီ။ မနေ့ကသူတို့ကို အလစ်အငိုက်ကိုသွားပြီး လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တာ။ မီတာ ၈၀၀ လောက်အထိကပ်နိုင်ခဲ့တယ်။ အဲ့ဒီဂိတ်မှာက အင်အား ၃၀ လောက်ပဲရှိတယ်။ ပျူနဲ့စစ်ခွေးတွေနေကြတယ်။ လက်ရှိအချိန်ထူးခြားမှုကတော့ ကင်းပုန်းတွေအရင်ထက် တိုးချထားတယ်" လို့ ဆိုပါတယ်။

အဲ့ဒီဂိတ်က စစ်သားတွေ ကင်းချိန်းတဲ့အချိန် အိပ်ရေးပျက်ပြီး ပင်ပန်းကာ အိပ်ငိုက်တတ်တဲ့အချိန်မှာ သွားပစ်ခဲ့ကြတာလို့ ဆိုပါတယ်။

ဒီပစ်ခတ်တိုက်ခိုက်မှုကို Pakokku Underground Force၊ TLF၊ Southern YSO၊ PKU Special tast Force၊ P.S.G.F၊ P.P.D.F၊ Cobra One၊ ဘာမြူဒါ၊ အောင်သပြေ၊ ဒေါင်းလံလွှင့်မည့်စေတမာန်၊ PKU ranger၊ Bagan Nyaung U PDF၊ Warriors၊ ကျားသစ်၊ မဟူရာအလင်းတန်း၊ Justic revolalution ၊ ဘငြိမ်းပြောက်ကျားတပ်ဖွဲ့နှင့် နှလုံးလှ လူမိုက်တပ်ဖွဲ့တို့က ပူးပေါင်းပစ်ခတ်ခဲ့တာ ဖြစ်ပါတယ်။ 

တည်းဖြတ် - ငြိမ်းဇော်

#မြေလတ်အသံ

#မြိုင် #သရက်ဂွ #ကန်နီရွာ #လက်နက်ကြီး #တိုက်ခိုက် #စစ်ကောင်စီ #ပျူစောထီး

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10