စစ်ကောင်စီစစ်ကြောင်းနဲ့တိုးလို့ ပကဖအဖွဲ့ဝင် ၂ ဦး ဖမ်းဆီးပစ်သတ်ခံရ

စစ်ကောင်စီစစ်ကြောင်းနဲ့တိုးလို့ ပကဖအဖွဲ့ဝင် ၂ ဦး ဖမ်းဆီးပစ်သတ်ခံရ

စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်၊ ကျော်ဇေယျကျေးရွာမှာ စစ်ကောင်စီစစ်ကြောင်းနဲ့တိုးလို့ ပကဖအဖွဲ့ဝင် ၂ ဦး ဖမ်းဆီးပစ်သတ်ခံရတယ်လို့ ဒေသကာကွယ်ရေးအဖွဲ့ဝင်တွေထံက သိရပါတယ်။

ဇွန် ၉ ရက် မနက် ၆ နာရီခန့်မှာ ကျော်ဇေယျကျေးရွာထဲကို ဆိုင်ကယ်နဲ့ ပြန်လာတဲ့ အသက် ၃၀ နဲ့ ၄၀ ကြားရှိ ပကဖအဖွဲ့ဝင် ၂ ဦးကို စစ်ကောင်စီအဖွဲ့က ဖမ်းဆီးစစ်ဆေးပြီး နေရာမှာပဲ ပစ်သတ်ခဲ့တာလို့ ဆိုပါတယ်။

"သူတို့ ၂ ဦးက ရွာထဲမှာ စစ်ကြောင်းရောက်နေတာမသိဘဲ ရွာကိုပြန်ဝင်လာတာ။ အဲဒီမှာ စစ်တပ်နဲ့တိုးပြီး ရှာဖွေတော့ သူတို့ဆီက ပစ္စည်းအချို့တွေ့တယ်ဆိုပြီးတော့ စစ်ဆေးပြီးမှ ပစ်သတ်သွားတာ။ အလောင်းကို တောင်ရွာလမ်းမှာပဲ ထားပစ်ခဲ့တာ" လို့ ဒေသကာကွယ်ရေးအဖွဲ့ဝင်တဦးက ပြောပါတယ်။

စစ်ကောင်စီစစ်ကြောင်းက ပစ်သတ်ခဲ့တဲ့ ပကဖအဖွဲ့ဝင် ၂ ဦးဟာ ကျေးရွာအဆင့်ပကဖအဖွဲ့ဝင်တွေ ဖြစ်တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီ စစ်ကြောင်းကတော့ ဇွန် ၁၀ ရက်မှာ အဆိုပါကျေးရွာကနေ စစ်ကိုင်းဘက်ကို ပြန်လည်ထွက်ခွာသွားတယ်လို့ သိရပါတယ်။

အဆိုပါ ပကဖအဖွဲ့ဝင် ၂ ဦးပစ်သတ်ခံရတာနဲ့ပတ်သက်ပြီး စစ်ကိုင်းမြို့နယ်ပကဖကို မြေလတ်အသံက ဖုန်းဆက်သွယ်မေးမြန်းပေမယ့် ဖုန်းကိုင်ဖြေကြားတာမျိုး မရှိသေးပါဘူး။

သေဆုံးသွားတဲ့ ပကဖအဖွဲ့ဝင် ၂ ဦးရဲ့အလောင်းကို ဒေသခံတွေက ကောက်ယူပြီး သင်္ဂြိုဟ်ပေးလိုက်ရတယ်လို့ သိရပါတယ်။

စစ်ကောင်စီထောက်ခံတယ်လီဂရမ်တွေမှာတော့ မိုင်းထောင်ဖို့လာတဲ့ PDF ၂ ဦးကို အသေပစ်ခတ်ရမိပြီး သူတို့ထံကနေ ဒီတိုနေတာ ၅ ချောင်း၊ ရီမု ၂ ခု၊ 12V ဘတ္ထရီ ၁ လုံး၊ ဆားကစ်ပြား ၁ ခု၊ 9V ဓာတ်ခဲ ၃ လုံး၊ ဝါယာကြိုး(ပေ ၅၀ ခန့်) ၁ခွေ သိမ်းဆည်းရမိတယ်လို့ ရေးသားထားပေမယ့် အတည်မပြုနိုင်သေးပါဘူး။

ဇွန် ၈ ရက် မနက်ပိုင်းကလည်း စစ်ကိုင်းမြို့နယ်၊ သပြေသာကျေးရွာမှာ ပကဖ၊ ပအဖနဲ့ PDF တွေ အစည်းအဝေးလုပ်နေချိန် စစ်ကောင်စီက လေယာဥ်နဲ့ ဗုံးကြဲလို့ သံဃာ ၂ ပါးအပါအဝင် စုစုပေါင်း ၈ ဦးသေဆုံးပြီး ၅၀ ကျော် ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#စစ်ကိုင်းတိုင်း #ကျော်ဇေယျကျေးရွာ #စစ်ကောင်စီ #ပကဖ #စစ်ကြောင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10