စစ်ကောင်စီစစ်ကြောင်း ရွှေဘိုမှာ တိုက်ခိုက်ခံရ

စစ်ကောင်စီစစ်ကြောင်း ရွှေဘိုမှာ တိုက်ခိုက်ခံရ

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့၊ ရွှေဘိုတက္ကသိုလ်နဲ့ မွေးမြူးရေးဇုံကြားမှာ စစ်ကောင်စီခြေလျင်စစ်ကြောင်း လက်နက်ကြီး၊ ဒရုန်းတွေနဲ့ တိုက်ခိုက်ခံရပြီး ၃ ဦးဒဏ်ရာရတယ်လို့ နယ်စည်မခြားရွှေဘိုသားအဖွဲ့ဆီက သိရပါတယ်။

ဒီဇင်ဘာ ၂၂ ရက် မနက် ၉ နာရီခန့်မှာ ရွှေဘိုတက္ကသိုလ်ထဲကနေ အင်အား ၄၀ ခန့်နဲ့ ကင်းလှည့်ဖို့ ထွက်လာတဲ့စစ်ကောင်စီအဖွဲ့ကို တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ 

"လက်လုပ် ၆၀ သီး (၆၀ မမ)လည်း ၇ လုံးပစ်တယ်။ ဒရုန်းနဲ့က ဗုံးသီး ၂ လုံးချတိုက်ခိုက်ခဲ့တယ်။ စကစ ကိုလက်နက်ကြီးနဲ့အပစ်ပြပြီး ဒရုန်းနဲ့ အဓိကတိုက်တာပါ"လို့ နယ်စည်းမခြားရွှေဘိုသားအဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲက ပြောပါတယ်။

တိုက်ခိုက်ခံရလို့ စစ်ကောင်စီဘက်က ၃ ဦးဒဏ်ရာရှိခဲ့ကာ အနီးဝန်းကျင်ကိုပါ ပစ်ခတ်တာတွေလုပ်ပြီးနောက် ရွှေဘိုတက္ကသိုလ်ဘက်ကို ပြန်ဆုတ်သွားတယ်လို့ ဆိုပါတယ်။ 

ဒီဇင်ဘာ ၉ ရက်ညကလည်း ရွှေဘိုမြို့ရှိ ကညနရုံးနဲ့မြန်မာ့စီးပွားရေးဘဏ်က စစ်ကောင်စီအဖွဲ့တွေ တိုက်ခိုက်ခံရပြီး ၄ ဦးသေဆုံးခဲ့ပါတယ်။ 

ပုံစာ - စစ်ကောင်စီစစ်ကြောင်းကို တိုက်ခိုက်နေစဥ်။

စာတည်း - လင်း 

#မြေလတ်အသံ

#စစ်ကိုင်း #ရွှေဘိုမြို့ #ခြေလျင်စစ်ကြောင်း #တိုက်ခိုက် #သတင်း #မြေလတ်သတင်း #၆၀မမ #ဒရုန်း #စစ်ကောင်စီ #ဒဏ်ရာရ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10